အကောင်အထည်အသွင်ပုံစံ မရှိတဲ့ အနုပညာလက်ရာတစ်ခုရဲ့ ပိုင်ဆိုင်ခွင့်ပြေစာ တစ်စောင် ဒေါ်လာ တစ်သန်းကျော် နဲ့ ရောင်းချနိုင်ခဲ့

၁၉၅၈ခုနှစ်ကာလတစ်ဝိုက်က နာမည်ကြီးခဲ့တဲ့  Yves Klein ဆိုတဲ့ ပြင်သစ် ပန်းချီဆရာတစ်ယောက်က  စိတ်ထဲမှာပဲ ရှိပြီး အပြင်မှာ အကောင်အထည်မရှိတဲ့ ဘာမှမရှိခြင်းလို့ မှည့်ခေါ်ထားတဲ့ အနုပညာစိတ်ကူးတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲ့ဒိဘာမှ မရှိတဲ့ အနုပညာကို ပိုင်ဆိုင်ဖို့ဝယ်ယူခဲ့တဲ့ ငွေပြေစာ စာရွက်တစ်ရွက်ကို အမေရိကန်ဒေါ်လာ တစ်သန်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၁၉ရာစုအလယ်ကာလတုန်းကKlein ဟာ ပါရီမြို့က ပန်းချီပြခန်းအလွတ်တစ်ခုကို ငှားပြီးပြပွဲတစ်ခုကျင်းပခဲ့ပါတယ်။ ပွဲနာမည်ကတော့ “The Void” နာမည်ပေးထားပါတယ်။ ခန်းမရဲ့ နံရံတွေ မှာ ဘာပန်းချီကား၊ ဘာအနုပညာလက်ရာတစ်ခု တလေမှ ချိတ်ဆွဲပြသထားတာမရှိပါဘူး။ ပြထားတာဆိုလို့ အခန်းအလယ်မှာ ချထားတဲ့ အလုံပိတ် ဘီရိုတစ်လုံးပဲရှိပါတယ်။ ဧည်သည်တွေကလည်း အဲ့ဒိ ဘာမှမရှိဘဲ ဗလာကျင်းနေတဲ့ နံရံတွေရယ်၊ ဘာတွေထည့်ထားမှန်း မသိတဲ့ ဘီရိုကြီးကိုပဲ ကြည့်ပြီး ပြန်ကြရပါတယ်။ဒါပေမယ့် ပွဲကို အခပေးလာကြည့်တဲ့သူ ထောင်ကျော်တယ်လို့ ဆိုပါတယ်။ ဒါကိုပဲ Klein က “ဘာမှမရှိခြင်းအနုပညာ” ဆိုပြီး အမည်မှည့်ခေါ်ပါတယ်။ မကြာခင်မှာပဲ ဘာမှမရှိတဲ့ အနုပညာဆိုတာ က အောင်မြင်သွားခဲ့ပါတယ်။

ဖော်ပြခဲ့သလို သူရဲ့ ပြပွဲအောင်မြင်ပြီးသွားတဲ့နောက်မှာတော့ ဘာမှမရှိတဲ့၊ တည်ရှိမှုကင်းမဲ့တဲ့ အယူအဆအနုပညာကို ရောင်းချဖို့ လုပ်ရာက လူတချိုက ဘာမှမရှိတာကိုပဲ ပေးဝယ်ခဲ့ကြတယ်။ ဒီလိုနဲ့ သူကွယ်လွန်ပြီး နှစ်ပေါင်း ၆၀ကျော်အကြာ မှာတော့ ပါရီမြို့က “Sotheby’s” အနုပညာလေလံပွဲတစ်ခုမှာ ရှစ်လက်မသာသာလောက်သာရှိပြီး “ Zones of Immaterial Pictorial Sensiblity” လို့ အမည်ပေးထား တဲ့ စက္ကူပြေစာတစ်ခုကို ဒေါ်လာတစ်သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ ဒီပြေစာ က Klein ရဲ့ မရှိခြင်းအနုပညာကို ဝယ်ယူထားခဲ့တဲ့ သူရဲ့ ပြေစာစာရွက် တစ်ရွက်ဖြစ်တယ်လို့ သိရပါတယ်။

Artist Yves Klein(1928 – 1962 )

Ref: A receipt for ‘invisible’ art just sold for over $1 million (CNN), 23-3-2022

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *