အကယ်ဒီပွဲတက် စဉ် ရရှိခဲ့သော ရွှေရင်ထိုးကို သရုပ်ဆောင် (အဘွား) မြတ်မွန်အား အကယ်ဒမီလူမင်းကဂါရဝပြုကန်တော့ခဲ့ကြောင်း ယင်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ယနေ့ မေလ ၁၁ ရက်တွင် အကယ်ဒမီ လူမင်းနှင့် ဇနီးမခင်စံပါယ်ဦးတို့က ယခုနှစ် အကယ်ဒီပွဲတက်ရွှေရင်ထိုးကို သရုပ်ဆောင်အဘွားမြတ်မွန်ထံ သွားရောက်ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။


“အကယ်ဒမီ ဦးလူမင်းနှင့်ဇနီးမခင်စံပါယ်ဦးတို့ နှစ်ဦးမှဦးလူမင်းရရှိသောအကယ်ဒီ ပွဲတက်ရွှေရင်ထိုးအားအဘွားမြတ်မွန်အားလာရောက်ဂါရဝပြုကန်တော့သွားပါသည်။
ဦးလူမင်းတို့မိသားစုစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပါစေကြောင်း အဘွားမြတ်မွန်မှ ဆုတောင်းပေးပါသည်။”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
