အကယ်ဒမီ ဝတ်မှုန်ရွှေရည် က မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် မုန် တိုင်းဘေးအတွက် ငွေကျပ် သိန်းတစ်ရာလှူဒါန်းခဲ့ကြောင်း သိရသည်။
“အလှူလေးအထမြှောက်အောင်ကူညီပံ့ပိုးပေးတဲ့ ကိုနေတိုး ကိုဘုန်းလျှံ နှင့်အဖွဲ့အား ကျေးဇူးတင်ပါတယ်။မုန်တိုင်းသင့်ပြည်သူများ အမြန်ဆုံးအဆင်ပြေနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။လှူဒါန်းချင်သူများအနေနဲ့ 095430001 မှတဆင့်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်”ဟု အကယ်ဒမီ ဝတ်မှုန်ရွှေရည် က သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ အလှူငွေကျပ် သိန်း(၁၀၀) ကို အကယ်ဒမီ ကိုနေတိုး ထံမှ တစ်ဆင့် ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်နေသောနေရာများတွင် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှူဒါန်းသွားမည့်နေရာများမှာ ပြိုင်းချောင်း၊ကျောက်တော်မြို့နယ် ပြောင်းထိပ်၊ရွှေရောင်စုံပရဟိတစာသင်တိုက်၊ပိချောင်း-သဲပုံရွာ၊ပုဏ္ဏားကျွန်း -ဝမ်းဒီးကျေးရွာ၊ကျောက်တော်မြို့နယ် လမုကျေးရွာ၊ရသေ့တောင် ပန်းဇင်းမော်ကျေးရွာ၊ပြိုင်းချောင်းကျောင်းဟောင်းဆရာတော်၊အောက်ယွန်းချောင်း- ကျောက်တော် စသည့် နေရာများ တွင် အကယ်ဒမီနေတိုးတို့ သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်းလည်း သိရသည်။