အကယ်ဒမီ မေသဥ္ဇာဦးရဲ့သားကြီး ယာဥ်တိုက်မှုနဲ့သေဆုံး

ရန်ကုန်မြို့၊တာမွေမြို့နယ်၊ဗညားဒလလမ်းမကြီး၊ကျောက်မြောင်းမီးသတ်အရှေ့မှာ ဒီဇင်ဘာလ ၂၅ရက်နေ့၊ ည ၁၀ နာရီ ၃၀မိနစ်အချိန်က သရုပ်​ဆောင်မေသဥ္ဇာဦးရဲ့ သားကြီးဖြစ်သူကိုမင်းသန့်ကျော် မောင်းနှင်လာတဲ့ မော်တော်ယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို တိုက်မိပြီး ကိုမင်းသန့်ကျော် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းသန့်ကျော် အသက်(၂၇ နှစ်)ဟာ ဦးခေါင်းနောက်စေ့စုတ်ပြဲအပါအဝင် ဒဏ်ရာများရရှိခဲ့ပြီး လူနာတင်ယာဥ်နဲ့ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့တာကို သိရပါတယ်။

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *