အကယ်ဒမီမို့မို့မြင့်အောင်တို့ ဇနီးမောင်နှံစွဲဆိုခံထားရ သည့် လိမ်လည်မှု အတွက် ရဲစခန်း၌ အတူတူ အာမခံ လာယူ

ရန်ကုန်၊ ဧပြီ ၅

နိုင်ငံပိုင်သတင်းစာတွင် ကွာရှင်းထားသည့် အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ စွဲဆိုခံထားရသည့်လိမ်လည်မှုအတွက် ရဲစခန်း၌ အတူတူအာမခံလာယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

လုပ်ငန်းကိုအကြောင်းပြပြီး ငွေကျပ် သိန်း ၅၀၀၀ အကူအညီတောင်းခံချေးယူခဲ့ကြသည့် အကယ်ဒမီ မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံ က ချေးယူငွေကို ပြန်လည်ပေးဆပ်ခြင်းမရှိဘဲရှောင်တိမ်းနေသည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ နယ် အင်းတကော်နယ်မြေရဲစခန်းအပိုင်တွင် အမှုဖွင့် ခံထားခဲ့ကြရာမှ အထက်ပါအတိုင်း အာမခံ လာယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ကို တရားစွဲတယ်။စွဲတဲ့အချိန်မှာ သူတို့က ရဲစခန်းကို နှစ်ယောက်လုံးလာတယ်။ကျွန်တော်လည်း သွားတယ်။အပြန် အလှန် စစ်မေးတယ်။သူတို့လင်မယားက ချေးတယ်ဆိုတာကို ပြောတယ်။သူတို့က ဖေဖော်ဝါရီ ၂၂ ရက် မှာ ပေးမယ် လို့ ပြောတယ်။ပြီးတော့ အာမခံ ယူတယ်၊အဲဒါက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြောတာ၊အဲဒီနောက် မပေးတဲ့အခါ ကျတော့ အကြိမ်ကြိမ် ချိန်းတယ်။နောက်ဆုံးနေ့က ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ပါ။အခု မပေးဘူး။ဒါကြောင့် တရားရုံးက တစ်ဆင့် တရားစွဲဆိုမှာ ဖြစ်ပါတယ်”ဟု အမှုဖွင့်ထားသည့် ငွေချေးပေးလိုက်သူ ကာယကံရှင် ဦးစိုးလှိုင်က ပြောသည်။

ရဲစခန်းတွင် အမှုဖွင့်ထားရာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊တော်ဝင်အိမ်ယာ၊အမှတ်A-3၊သဇင် လမ်း နေ ဦးမောင်မောင်ကျော်(ဘ)ဦးအုန်းမောင် နှင့် အတူနေဇနီးဖြစ်သူဒေါ်မို့မို့မြင့်အောင်(ဘ)ဦးမြင့်အောင်တို့နှစ်ဦး က  ခင်မင်ရင်းနှီးသည့် ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့၊ထန်းပင်ချောင်ကျေးရွာနေဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုး ထံ ရောက်ရှိလာပြီးထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက်အရေးတကြီးငွေလိုအပ်နေသဖြင့်ငွေကျပ်သိန်းငါးထောင်ကို အကူအညီ ခေတ္တပေးပါရန်လာရောက်ပြောဆိုခဲ့သဖြင့်ဦးစိုးလှိုင်က ထန်းပင်ချောင်ကျေးရွာနေသူသက်သေဦးအုန်းကျော်ရှေ့တွင် ယုံ ကြည် စွာဖြင့်ထုတ်ပေးလိုက်ကြောင်း၊သတ်မှတ်ရက်တွင်ပြန်လည်ပေးအပ်ခြင်းမရှိ သည့်အတွက် အကြိမ်ကြိမ်တောင်းခံ ခဲ့သော်လည်း ရှောင်တိမ်းနေသည့်အတွက် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်ကဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးအနေဖြင့် အင်းတကော်ရဲစခန်းသို့လာရောက်ပြီးတရားလိုပြုလာရောက်တိုင်တန်းခဲ့ကြောင်း ဖော်ပြထားသည်။

ယခုအခါ အင်းတကော်နယ်မြေရဲစခန်း(ပ)၂၀/၂၀၂၃ရာဇသတ်ကြီးပုဒ်မ၄၂၀ဖြင့်အမှုဖွင့်ဆောင်ရွက်ထားသည့်အပေါ် အဆိုပါ ကွာရှင်းထားသည်ဟုသတင်းစာတွင်ကြေငြာထားသောဦးမောင်မောင်ကျော်နှင့်ဒေါ်မို့မို့မြင်အောင်တို့ အင်းတ ကော်ရဲစခန်းသို့လာရောက်ခဲ့ပြီးငွေကြေးယူထားသည်ကို ပြန်လည်ပေးမည်ဟုဆိုပြီးတိုင်တန်းထားသည့်အမှုကို ကျန်းမာ ရေးအကြောင်းပြအာမခံယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *