ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၉/၇)နှင့်(၉၀/၀)ကြားမှာ စက်တင်ဘာဘ၂၈ရက်မနက်၆နာရီက ရပ်ထားတဲ့၆ဘီးယာဥ်အ နောက်ပိုင်းကို Hijetအဖြူရောင်ယာဥ်က ဝင်တိုက်မိမှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ စက်တင်ဘာဘ၂၈ရက်မနက်၆နာရီက ဟဲဟိုးမြို့ ၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အ မှတ်(၈၉/၇)နှင့်(၉၀/၀)ကြားမှာ Hijetအဖြူရောင်ယာဥ်ကအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်ကို အနောက်မှ ဝင်ရောက်တိုက်မိခဲ့ရာ Hijetအဖြူရောင်ယာဥ်ပေါ်လိုက်ပါလာတဲ့ ယာဥ်မောင်းအမျိုးသားနဲ့အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရတဲ့အပြင် အ မျိုးသား၃ဦးနဲ့အမျိုးသမီး၄ဦး ထိခိုက်ဒဏ်ရာ(,မစိုးရိမ်ရ)တို့ရရှိခဲ့တာကြောင့် ဟဲဟိုးမြတ်စေတနာလူမှုကူညီရေးအသင်းကယာဉ်နဲ့ ဟဲဟိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။