ဟော့ကိုင်းဒိုးမှာ  နှင်းထုပြိုကျလို့  နယူးဇီလန်နိုင်ငံသားနှစ်ယောက် သေဆုံး

ဝယ်လင်တန် ၊ မတ် ၁၂

 ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးမှာ နှင်းထုပြိုကျလို့ နယူးဇီလန်နိုင်ငံသား နှစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဝယ်လင်တန်မြို့ မှာရှိတဲ့  နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၂ ရက် အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။

နှင်းပြိုကျပြီးတဲ့ နောက် နယူးဇီလန်နိုင်ငံသားနှစ်ယောက်  ဝမ်းနည်းစွာ သေဆုံးသွားခဲ့ရတဲ့ အကြောင်းကိုလည်း ဂျပန်ရဲတပ်ဖွဲ့က အတည်ပြုခဲ့တယ်လို့  နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

“နယူးဇီလန်သံရုံးကလည်း  နစ်နာခဲ့သူတွေရဲ့ မိသားစုတွေကို ကောင်စစ်ဝန်က ပံ့ပိုးပေးထားပါတယ်”  လို့ ပြောပါတယ်။

ဖြစ်စဥ်က ဟော့ကိုင်းဒိုးကျွန်းက ဆတ်ပိုရိုမြို့ကနေ ကီလိုမီတာ ၉၀ ဝေးတဲ့ ယိုတေးအိ ဆိုတဲ့ တောင်မှာ  နှင်းလျှောစီးနေတုန်း နှင်းထုပြိုကျခဲ့လို့ အခုလို အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ဂျပန်ပြည်တွင်းမီဒီယာတွေရဲ့  ဖော်ပြချက်အရ  သေဆုံးသူနှစ်ယောက်ဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်လို့ သိရပြီး ကယ်ဆယ်ရေးလုပ်အပြီး ဆေးရုံအရောက်မှာ အသက်ဆုံးရှုံးခဲံကြတာလို့ သိရပါတယ်။

Ref : AFP/nh

ပုံစာ။  ဟော့ကိုင်းဒိုးစီရင်စုက ယိုတေးအိ တောင်ကို တွေ့ရပုံ

Feature Image Credit : AFP/Charly Triballeau

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *