ဟောင်ကောင်အိမ်ခြံမြေဈေး တစ်နှစ်အတွင်း ပထမဆုံး အဖြစ် ၁ဒသမ၁ ရာခိုင်နူန်းတက်လာ

ဟောင်ကောင်၊ ဧပြီ ၂၆

ဟောင်ကောင်ရဲ့ အိမ်ခြံမြေ ဈေးတွေဟာ အစိုးရရဲ့   ကန့်သတ်ချက်တချို့ ရုတ်သိမ်းပေးလိုက်တဲ့နောက်  တစ်နှစ်တာ အတွင်း ပထမဆုံး အကြိမ် အနေနဲ့ ၁ ဒသမ ၁ရာခိုင်နူန်း မြင့်တက်ခဲ့ပါတယ်။

ဖေဖော်ဝါရီနှောင်းပိုင်းမှာ  ဟောင်ကောင်ဟာ နိုင်ငံခြားသား အိမ်ဝယ်သူတွေအတွက် တံဆိပ်ခေါင်းခွန်တွေအပြင် ဝယ်ယူပြီး နှစ်နှစ်အတွင်း အိမ်ခန်းရောင်းချသူတွေ ပေးဆောင်ရတဲ့  တံဆိပ်ခေါင်းခွန်တွေကို  ပယ်ဖျက်ပေးလိုက်တဲ့ နောက်မှာတော့ အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်တွေ ခုန်တက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း  အတိုးနှုန်းမြင့်မားတဲ့ ဒဏ်ရယ်၊  စီးပွားရေးမရေရာမှုတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် အိမ်ခြံမြေဈေးကွက်က ဆပ်ပြာပူဖောင်းလိုပဲ အကြာကြီး မခံခဲ့ပါဘူး၊ အကျဘက်ကို ပြန်ရောက်ခဲ့ပြန်တယ်လို့ ဆိုပါတယ်။

ဒါတွေကြောင့် သိသာထင်ရှားတဲ့ တိုးတက်မှု မရသေးဘူးလို့ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ Cushman & Wakefield ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တစ်ဘက်မှာတော့ ဟောင်ကောင်ဘဏ်တွေဟာ  ဒေါ်လာလဲနူန်း  ၄၀ ရာခိုင်နှုန်းအထိ ပြန်တက်နိုင်ချေရှိနေတာမို့ ဒုတိယနှစ်ဝက်မှာ အိမ်ခြံမြေ ဈေးနူန်းတွေ ၅ ကနေ ၇ ရာခိုင်နူန်းအထိ ပြန်တက်လာဖို့လည်း မျှော်လင့်နေကြပါတယ်။

အခုသီတင်းပတ်မှာတော့  အိမ်ခြံမြေရောင်းဝယ်ရေး Ricacorp ရဲ့  အစီရင်ခံစာတစ်ခုအရ တစ်ပတ်ရစ်အိမ်တွေရဲ့ အရောင်းအ၀ယ် ၃၀ ရာခိုင်နှုန်းဟာပထမသုံးလပတ်မှာ  အရှုံးပေါ်ခဲ့ပြီး ဒုတိယသုံးလပတ်မှာလည်း ဒီအခြေနေအတိုင်း ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်နေကြတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ဟောင်ကောင်က တိုက်ခန်များ

Feature Image Credit Shutterstock/ESB Professional

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *