ဟောင်ကောင် ၊ စက်တင်ဘာ ၂၅
ဟောင်ကောင်သတင်းထောက်များအဖွဲ့( HKJA) ဥက္ကဌ ရန်ဆန် ချန်း ကို ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့က ရဲတပ်ဖွဲဝင် တွေကို တားဆီးပိတ်ပင်ခဲ့တယ်ဆိုတဲ့ အစိုးရဆွဲဆိုချက်ကို တစ်နှစ်အကြာ ကြားနာအပြီးမှာတော့ စက်တင်ဘာ ၂၅ရက်မှာ ထောင်ဒဏ်ငါးရက် ချမှတ်လိုက်ပြီလို့ သိရပါတယ်။
ဟောင်ကောင်ရဲ့ မီဒီယာလွတ်လပ်ခွင့်ကို ထိုးနှက်ချက်အဖြစ် ဝေဖန်သူတွေက ယူဆနေကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။
၂၀၂၂ခုနှစ် စက်တင်ဘာလက ရဲအရာရှိတွေကို နှောင့်ယှက်တယ်ဆိုတဲ့ အမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ဟောင်ကောင် ရဲ့ ထိပ်တန်းသတင်းထောက်အဖွဲ့ အကြီးအကဲကို စက်တင်ဘာ ၂၅ ရက်နေ့ မှာတော့ ထောင်ဒဏ်ငါးရက် ချမှတ်ခဲ့ တာ ဖြစ်ပါတယ်။ .
ဟောင်ကောင် သတင်းထောက်များအသင်း ဥက္ကဋ္ဌ ရန်ဆန် ချန်းကို ကိုယ်ရေးကိုယ်တာ မှတ်ပုံတင် သက်သေခံ ကတ်ပြား ကို လွှဲပြောင်းပေးဖို့ ပျက်ကွက်လို့ အရပ်ဝတ်အရာရှိ နှစ်ဦးက လက်ထိပ်ခတ် ဖမ်းဆီးခဲ့တာလို့လည်း မရှင်းမလင်းတဲ့ သတင်း တွေ ဖော်ပြကြပါတယ်။
အပြစ်မရှိကြောင်းကို ပြောဆိုထားတဲ့ ချန်းဟာ ဟောင်ကောင်မှာ နေထိုင်သူတွေအားလုံး ဆောင်ထားရမယ့် အရေးကြီး ကဒ်ကို လွှဲပြောင်းမပေးမီ ရဲတွေဘက်က ဝရမ်းစာရွက်ကို ပြဖို့ တောင်းဆိုခဲ့သေးတဲ့ အကြောင်း အစောပိုင်းက တရားရုံး မှာ ပြောခဲ့သေးတယ်လို့ သိရပါတယ်။
တရားသူကြီးကတော့ ချန်းမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တရားသူကြီးကတော့ ချန်းကို အယူခံ ဝင်နိုင်တယ်လို့ ပြောခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၃၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၄၃၈ ဒသမ၄၃၈)နဲ့ အာမခံပေးခဲ့ပါတယ်။ ဒါပေမယ် ဒီဂျာနယ်လစ်ကို ဟောင်ကောင် ကနေ ဘယ်နေ ရာ ကိုမှ ထွက်ခွာလို့ မရ အောင် ခရီးသွားနိုင်တဲ့ အရာ အားလုံးကို သိမ်းဆည်းခဲ့တယ်လို့ လည်းသိရပါတယ်။
Ref: Reuters/yb
ပုံစာအညွှန်း။ သတင်းထောက် ချန်း ကို ၂၀၂၂ခု စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရပုံ
Feature Image Credit: Reuters/Tyrone Siu