ဟောင်ကောင်၊ နိုဝင်ဘာ ၂၈
၂၀၂၃ အောက်တိုဘာ စစ်တမ်းတွေအရ ဟောင်ကောင်က အိမ်ဈေးတွေ ဆက်တိုက်ကျနေတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်မတ်လ နောက်ပိုင်း အနိမ့်ဆုံးကို ရောက်လာတာလို့ ဆိုပါတယ်။
ဈေးကွက်စစ်တမ်းတွေအရ အောက်တိုဘာလထဲမှာပဲ ၄ရာခိုင်နူန်းအထိကျသွား ခဲ့ပြီး ဒါဟာ တစ်နှစ်ကို ၅ရာခိုင်နူန်းအထိ ကျနေတဲ့ သဘောလို့ အိမ်ခြံမြေ ကျွမ်းကျင်သူတွေက တွက်ချက်နေကြပါတယ်။
အောက်တိုဘာတစ်လတည်းမှာပဲ အိမ်ဝယ်လိုအားက ပုံမှန်ရောင်းဝယ်နေရာက ၇ဒဿမ၅ ရာခိုင်းအထိထပ်လျော့ကျ သွား ဦးမယ်လို့လည်း ခန့်မှန်းနေရကြပါတယ်။
တစ်ဆက်တည်း ရောင်းလိုအားနောက်ကိုလိုက်ပြီး ငှားရမ်းတဲ့ ဈေးကွက်ကလည်း ၁၀ရာခိုင်နူန်းလောက် ထပ်ကျဦးမယ်လို့ တွက်ဆနေကြပြန်ပါတယ်။ အရေးကြီးတဲ့ ပြသနာတစ်ချက်က ငှားရမ်းခ ဈေးတွေ တက်လာတာကြောင့်လိုလည်း အိမ် ခန်း၊ ရုံးခန်းငှား,ရမ်းသူတွေ ဘက်က ထောက်ပြကြပါတယ်။
ဟောင်ကောင်ဆိုတာ ကမ္ဘာပေါ်က အကြီးမားဆုံးဈေးကွက်တွေထဲက တစ်ခုအပါအဝင်ဖြစ်သလို နဂိူမူလကတလည်းက နေ ထိုင်မှုစားရိတ် ကြီးမြင့်တဲ့ အရင်းခံက ရှိနေပြီးသားလည်း ဖြစ်ပါတယ်။
Ref: Reuters
ပုံစာ။ ဟောင်ကောင်ရဲ့ ညအလှ
Feature Image Credit: Travel2 Next



