ဟောင်ကောင်မှာ အပူချိန်တွေမြင့်တက်နေလို့  အလုပ်သမား တွေ ဒုက္ခတွေ့

ပိုးသတ်ဆေးဖျန်းအလုပ်သမား မစ္စတာ ဝပ် က သူ့ရဲ့   ဝတ်စုံထဲမှာ မှတ်တမ်းတင်ထားတဲ့  အပူချိန်ကို ပြနေပုံ
Photo Credit:  AFP/Isaac Lawrence

ဟောင်ကောင်၊ ဩဂုတ် ၁၇

ဩဂုတ်လမှာ အပူချိန် ၃၂ဒသမ၂ ဒီဂရီစင်တီဂရိတ်ရှိနေပြီး စိုထိုင်းစကလည်း ၈၇ရာခိုင်နူန်းအထိ ရှိနေတာမို့ ဟောင်ကောင် မှာရှိတဲ့ လုပ်ငန်းခွင် မျိုးစုံက အလုပ်သမားတွေ ဒုက္ခတွေ့နေရကြတယ်လို့ သိရပါတယ်

တစ်ကိုယ်လုံး အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားရတဲ့  သက်ကြီး ပိုးမွှားထိန်း ဝန်ထမ်းတစ်ယောက်က “အလုပ်ပိုကြာ လေ၊ ဝတ်စုံ ထဲမှာ မိုးရွာနေလေလေ… ချွေးပေါင်းခန်းထဲမှာ နေရသလိုပဲ” လို့ အသက် ၆၃ နှစ်အရွယ် ဝန်ထမ်းလုပ်သားကြီး မစ္စတာ ဝပ် က ပြောပါတယ်။ ပူပြင်းတဲ့ သြဂုတ်လနံနက်ခင်းကြောင့်  သူ့ရဲ့ အကာကွယ် ဝတ်စုံထဲမှာ မိုးတွေရွာနေသလို ချွေးတွေရွှဲရွှဲစိုနေတယ်လို့လည်း ပြောပါတယ်။

ဟောင်ကောင်မှာ နေ့စဥ်အပူချိန် ၃၆.၁ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့သလို ပြီးခဲ့တဲ့လဟာ  ဟောင်ကောင်ရဲ့  တတိယအပူဆုံး ဇူလိုင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ မြို့တော်သမိုင်းမှာ ၂၀၁၈ နောက်ပိုင်း အပူဆုံးနှစ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

မကြာသေးခင်ကပဲ  သာမန်ထက်ပိုပူပြင်းတဲ့ ရက်တွေမှာ အလုပ်သမားတွေကို အားလပ်ချိန်ပိုပေးဖို့ အစိုးရက သက်ဆိုင်ရာ ကုမ္ပဏီတွေကို ညွှန်ကြားထားပေမယ့်  လိုက်နာဖို့ ပျက်ကွက်ကြတာများတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း  ပိုးမွှားထိန်းချုပ်ရေးကုမ္ပဏီတစ်ခုရဲ့ အလုပ်သမားအယောက်၂၀ဟာ အလုပ်ထွက်ခဲ့ပြီး ၁၀ယောက် က  အပူဒဏ်ကြောင့် ဆေးရုံတင်ထားရတဲ့ ကြောင်း  အလုပ်သမားတွေ အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးက ပြောပါတယ်။

Ref: CNA

Feature Image Credit: AFP

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *