
Photo Credit: Handout/TVB/Reuters
ဟောင်ကောင်၊ ဖေဖေါ်ဝါရီ ၂၇
ဟောင်ကောင်မော်ဒယ် အာဘီ ချွိုင်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ မိသားစုဝင် လေးဦးကို ရဲတပ်ဖွဲ့က ဒီနေ့ ဖေဖေါ်ဝါရီ ၂၇ရက် တနင်္လာနေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုနဲ့ ဖမ်းဆီးစွဲချက်တင်ခံထားရတဲ့ သူတွေကတော့ ချွိုင်း ရဲ့ ခင်ပွန်းဟောင်း အဲလက်စ် ခွောင်း အသက်၂၈နှစ်၊ အဲလက်စ်ရဲ့ အကို အန်တိုနီ အသက် ၃၁နှစ်၊ အဲလက်စ်ရဲ့ဖခင် ခွောင်း ခေါက် အသက်၆၅နှစ်၊ အဲလက်စ်ရဲ့မိခင် ဂျန်နီ လီး အသက် ၆၃နှစ် စတဲ့ လေးဦး ဖြစ်ပါတယ်။
ဒီနေ့ စစ်စေးခဲ့တဲ့ တရားရုံးတော်က လေးဦးစလုံးကို အာမခံပေးဖို့ ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒီနေ့ ရုံးတော်မှာ စစ်ဆေးဖို့ မတိုင်မီ တစ်ရက်အလို တနင်္ဂနွေနေ့မှာ သက်သေခံပစ္စည်းတွေကို ရဲ့တပ်ဖွဲက စစ်ဆေးခဲ့ ရာမှာ တော့ သံမဏိဟင်းချိုအိုးကြီးတစ်ခုထဲမှာ ချွိုင်းရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ ဦးခေါင်းခွံ၊ နံရိုးအချောင်းတွေနဲ့ ဆံပင် အများ ကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သက်သေခံ တင်သွင်းခဲ့ကြပါတယ်။
ဒါပေမယ့် ချွိုင်းရဲ့ လက်တွေအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကတော့ ပျောက်ဆုံးနေတုန်းပဲလို့ ရဲတပ် ဖွဲ့ ရဲ့အစီရင် ခံ စာမှာ ဖော်ပြပါတယ်။
ချွိုင်း ပျောက်ဆုံးနေတဲ့အကြောင်း တိုင်ကြားချက်ရ အပြီး လိုက်ရှာဖွေတဲ့အခါ နှစ်ရက်အကြာမှာပဲ ချွိုင်းရဲ့ နေ အိမ်ထဲမှာပဲ အဲ့ဒိသက်သေခံ အပိုင်းအစတွေကို ရဲတပ်ဖွဲက တွေ့ခဲ့တာ ဖြစ်ပြီး အိမ်ထဲမှာအသားလှီးဖြတ်စက်၊ လျှပ်စစ်လွှနဲ့ အဝတ် အထည်တချို့ကိုပါ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ခင်ပွန်းဟောင်း ဖြစ်သူကိုတော့ မြို့အစွန်အဖျားကကျွန်းတစ်ခုရဲ့ ကူးတို့ဆိပ်မှာ ဖေဖေါ်ဝါရီ၂၅ရက်နေ့ စနေနေ့က ဖမ်းဆီး ရခဲ့ပြီး ခင်ပွန်းဟောင်းရဲ့ အစ်ကိုနဲ့ မိဘတွေကိုတော့ ဖေဖေါ်ဝါရီ ၂၄ရက် သောကြာနေ့ကတည်းက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါ တယ်။
နောက်ထပ် ငါးယောက်မြောက် သံသယရှိသူ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုတော့ ဖေဖေါ်ဝါရီ ၂၆ရက် တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အင်စတာဂရမ်မှာ ဖော်လိုဝါ သိန်းကျော် ရှိပြီး မော်ဒယ်လောကနဲ့ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးမှုရှိတဲ့ ချွိုင်းဟာ မကြာခင်ကပဲ နာမည်ကြီးမဂ္ဂဇင်း L’Officiel Monaco အတွက် မျက်နှာဖုံးမော်ဒယ်အနေနဲ့ ပါဝင်ခဲ့ပြီး အခုနှစ် ၂၀၂၃ မှာဆို ရင်လည်း ကမ္ဘာ့ထိပ်တန်း Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ အနေနဲ့ ထပ်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် တရားရုံးတော်က အမှုကို မေလ ၈ ရက်အထိ ရွှေ့ဆိုင်းထားတယ်လို့ ဟောင်ကောင်ရဲ့ ဝါရင့်မီဒီယာကြီး RTHK က ဒီနေ့ ဖေဖေါ်ဝါရီ ၂၇ရက်မှာ သတင်းဖော်ထုတ် တင်ပြထားတယ်လို့ စီအန်အန်ကတစ်ဆင့် သိရပါတယ်။
Ref: CNN

ငါးယောက်မြောက် သံသယရှိတဲ့ တရားခံကို ဖမ်းဆီးလာစဥ်။
Photo Credit: Handout/TVB/Reuters