ဟောင်ကောင်မီဒီယာသူဌေး ဂျင်မီလိုင့်အပေါ် ပုန်ကန်မှုနဲ့ တင်ထားတဲ့ စွဲချက်ကိုဟောင်ကောင်တရားရုံးက ပယ်ချ

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၂

ဟောင်ကောင်တရားရုံးက  ဒီမိုကရေစီလိုလားသူ သူဌေးကြီး  ဂျင်မီ လိုင် ကို  အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲက စွဲဆို ထားတဲ့ တော်လှန်ပုန်ကန်မှုစွဲချက်တင်ခံထားရတဲအမှုကို ဟောင်ကောင်တရားရုံးတော်က ဒီဇင်ဘာ ၂၂ရက် သောကြာနေ့မှာ ပယ်ချလိုက်တယ်လို့ သိရပါတယ်။

လတ်တလောမှာ အပိတ်ခံထားရတဲ့ ဟောင်ကောင်က နာမည်ကြီး ဒီမိုကရေစီ သတင်းစာ Apple Daily ကို  တည်ထောင်သူ အသက် ၇၆နှစ်အရွယ် လိုင် ဟာ ကိုလိုနီခေတ် ပုန်ကန်မှုဥပဒေနဲ့ လှုံ့ဆော်စာပေတွေ ထုတ်ဝေဖို့  ပူးပေါင်းကြံစည်မှုနဲ့ ၂၀၂၀ ခုနှစ်ကတည်းက ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အမှုအပြင် လိုင်ဟာ  တစ်သက်တစ်ကျွန်းထောင်ဒဏ်တွေချမှတ်နိုင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ကြံစည် မှု့အပါအဝင် တရုတ်နိုင်ငံက  ချမှတ်ထားတဲ့  အမျိုးသားလုံခြုံရေးဥပဒေနဲ့ ဆွဲတင်ထားတဲ့ စွဲချက်နှစ်ခုကို လည်း ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

လိုင်ကတော့ စွဲချက်အားလုံးအတွက် အပြစ်မရှိဘူးလို့ ရုံးတော်မှာ ထွက်ဆိုထားတယ်လို့ သိရပါတယ်။

အခု အမှုတွေဟာ ၂၀၁၉ခုနှစ်က  ဖြစ်ခဲ့တဲ့ ဟောင်ကောင်တစ်ခွင်က  ကြီးမားပြီး  ကြမ်းတမ်းတဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ နဲ့လည်းတစ်နည်းတစ်ဖုံပတ်သက်နေတယ်လို့ဟောင်ကောင် အရေးလေ့လာအကဲခတ်သူတွေက ပြောဆိုကြတယ်လို့လည်း သိရပါတယ်။

Ref: Reuters/ga

ပုံစာ။  ၂၀၂၁  ဖေဖေါ်ဝါရီ ၉ ရက်တုန်းက ရုံးထုတ်လာတဲ့ သူဌေးကြီး ဂျင်မီ လိုင် ကို တွေ့ရပုံ

Feature Image Credit: REUTERS/Tyrone Siu

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *