ဟောင်ကောင်က ဒီမိုကရေစီ ဘက်တော်သား မီဒီယာသူဌေး ကြီး ဂျင်မီလိုင် အကြီးမားဆုံး ရုံးတင်စစ်ဆေးမှုကို ရင်ဆိုင် နေရ

ဟောင်ကောင်၊ ဒီဇင်ဘာ ၁၈

အကျဉ်းချဖမ်းဆီးခံထားရတဲ့ ဟောင်ကောင်က  ဒီမိုကရေစီ လိုလားတဲ့ မီဒီယာ သူဌေးကြီး ဂျင်မီလိုင်တစ်ယောက် အကြီး မားဆုံး ရုံးတင်စစ်ဆေးမှုကို ရင်ဆိုင်ရဆဲဖြစ်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

မြို့တော်မှာဖြစ်ခဲ့တဲ့  ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအပြင်  တရုတ်ခေါင်းဆောင်တွေကို ဝေဖန်ပြစ်တင်မှုတွေ လုပ်ခဲ့တဲ့ အတွက် လူသိများတဲ့  ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီလိုင်ကို ၂၀၂၀ခုနှစ်ကတည်းက ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ထိန်းသိမ်းခံထားရပြီးတဲ့နောက်  ဟောင်ကောင်ရဲ့  ဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားမှုတွေနဲ့  သူ့ရဲ့ မီဒီယာ လုပ်ငန်း တွေဟာ  ဆက်စပ်နေတယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ စွဲချက်များစွာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဂျင်မီလိုင်ဟာ  ၂၀၂၁ ခုနှစ်မှာ  ပိတ်ပစ်ခဲ့ရတဲ့ နာမည်ကြီး ဟောင်ကောင်သတင်းစာ Apple Daily ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ရက် တနင်္လာနေ့မှာ သူကို  အမျိုးသားလုံခြုံရေးဥပဒေနဲ့ စွဲချက်တင်ခဲ့တယ်လို CNN ကပြောပါတယ်။ ပြစ်မှု ထင်ရှားခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံရနိုင်တယ်လို့လည်း သိရပါတယ်။

အပြာရောင်ဘောင်းဘီနဲ့ မီးခိုးရောင်ဝတ်စုံကို ၀တ်ထားပြီး  သိသိသာသာ ပိန်ကျသွားတဲ့ လိုင့်ကို  အရာရှိလေးယောက်နဲ့ အတူ  တရားရုံးထဲကို ဝင်လာတာကို  တစ်ကမ္ဘာလုံးက အနီးကပ် စောင့်ကြည့်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အပြင် ဘက်မှာ ရောက်နေတဲ့ သူ့ကို ထောက်ခံသူတွေကို လက်ဝှေ့ယမ်းကာနုတ်ဆက်ပြီး ပြုံးပြခဲ့တယ်လို့ ဆိုပါတယ်။ ရဲအ များ ကြီးကတော့  တရားရုံးအပြင်ဘက်မှာ အသင့်အနေအထားနဲ့ စောင့်ကြပ်နေကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အခုစွဲချက်ကို စစ်ဆေးကြားနာဖို့ အနည်းဆုံး ရက် ၈၀လောက်ကြာမယ်လို့လည်း သိရပါတယ်။ အခုဆို ဂျင်မီလိုင် အမှု ရုံးတင်စစ်ဆေးမှုဟာ ဟောင်ကောင်မြို့ကို ဗြိတိန်က တရုတ်ထိန်းချုပ်မှုလက်ကို ၁၉၉၇ ခုနှစ်က လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်း အထင်ရှားဆုံး တရားစွဲဆိုမှုတစ်ခုဖြစ်ပါတယ်

၂၀၁၉ခုနှစ်က ဟောင်ကောင်တစ်ခွင်မှာ ကြီးမားပြီး  ကြမ်းတမ်းတဲ့ ဒီမိုကရေစီဆန္ဒပြပွဲတွေ ပေါ်လာအပြီး  မြို့တော်ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီရေး လှုပ်ရှားသူ ဒါဇင်ပေါင်းများစွာဟာ ဖမ်းဆီးခံရခဲ့ရသလို ပြည်ပကို ထွက်ပြေးတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

Ref: CNN

ပုံစာ ဟောင်ကောင်က မီဒီယာသူဌေးကြီး ဂျင်မီလိုင်

Feature Image Credit: Anthony Wallace/AFP/Getty Images

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *