ဟေတီနိုင်ငံကို ကုလတပ်တွေ လွှတ်ဖို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြု

နယူးယော့ခ်၊ အောက်တိုဘာ ၂

ဟေတီဝန်ကြီးချုပ် အေရီရယ် ဟန်နရီ ရဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ ထပ်ခါတလဲလဲ တောင်းဆိုမှုတွေပြီးတဲ့ နောက် နိုင်ငံစုံကုလတပ်တွေ တပ်ဖြန့်ချထားဖို့  အောက်တိုဘာ ၂ရက်နေ့ကလုံခြုံရေးကောင်စီက မီးစိမ်းပြလို က် ပြီ လို့သိရပါတယ်။

အခုလို ဆုံးဖြတ်ရတာကိုလည်း  ထောက်ခံဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် နဲ့  အမေရိကန် တို့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

အခုဆုံးဖြတ်ချက်ကို ကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက  ထောက်ခံမဲပေးခဲ့ပြီး ရုရှားနဲ့ တရုတ်တို့က ကြားနေခဲ့ပါတယ်။

အင်အားကြီးမားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့ပေမယ့်လည်း အဆိုပါတပ်ဖွဲ့ဟာ ကုလသမဂ္ဂ ရဲ့ ထိန်း ချုပ်မှုအောက်မှာ ထားမှာ မဟုတ်ဘဲ စစ်ဆင်ရေးကို ဦးဆောင်ဖို့ ရဲတပ်ဖွဲ့ဝင် ၁၀၀၀ ပါဝင်ပေးမယ်လို့  ကတိပြုထားတဲ့ ကင်ညာနိုင်ငံက ဦးဆောင်မယ်လို့ မျှော်လင့်ရကြောင်းလည်း သိရပါတယ်။

 ဟေတီနိုင်ငံအရေးကိစ္စအတွက် ကာရေဘီယံအိမ်နီးချင်းတွေ ဖြစ်တဲ့  အန်တီဂွာ၊ ဘာဘူဒါ၊ ဘဟားမားနဲ့ ဂျမေ ကာ တို့ကလည်း မစ်ရှင်အတွက် ပံ့ပိုးကူညီမှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။

 နိုင်ငံစုံလုံခြုံရေးတပ်ဖွဲ့အနေနဲ့  ဟေတီမှာ ၁၂ လကြာ လုပ်ပိုင်ခွင့်ရှိမှာ ဖြစ်ပြီး  မစ်ရှင်စမယ့်အချိန်ကို မသတ်မှတ် ရသေးဘဲ ပါဝင်မယ့်နောက်ထပ်နိုင်ငံတွေကို လည်း ကုလက ဖိတ်ကြားကမ်းလှမ်းနေပါတယ်။ ဒါ့အပြင် လုံခြုံရေး ရည်ရွယ်ချက်တွေက လွဲပြီး ဟေတီကို လက်နက်ရောင်းချတာကို ကမ္ဘာလုံးဆိုင်ရာ ရပ်တန့်ဖို့ လည်း စီစဥ်ဆောင် ရွက်နေတယ်လို့ ကုလ ကပြောပါတယ်။

လက်နက်ကိုင်ဂိုဏ်းတွေက ဟေတီနိုင်ငံမြို့တော်နဲ့  ပင်မဆိပ်ကမ်း-ပေါ်-အော်-ပရင့်စ်ရဲ့ ဧရီယာ အများစုကို ထိန်းချုပ်ထားပြီး နိုင်ငံထဲကကျန်တဲ့ ဒေသတွေအတွက် အရေးကြီးတဲ့ထောက်ပံ့ရေး လမ်းကြောင်းတွေကို လည်း ဖြတ်တောက်ထားပါတယ်။

ဂိုဏ်းအဖွဲ့ဝင်တွေဟာ လူ ၂သိန်းနီးပါးကို သတ်ဖြတ်၊ ပြန်ပေးဆွဲတာတွေအပြင်၊ မီးရှို့မှုနဲ့  မုဒိမ်းမှုတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

အခု ပို့လွှတ်မယ့် မစ်ရှင်ဟာ  ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ဒေသတွင်းလုံခြုံရေးကို အားကောင်းစေဖို့နဲ့ ဟေတီ အမျိုးသားရဲတပ်ဖွဲ့ကို အားဖြည့်ပေးဖို့ရာလည်း မျှော်လင့်ရတယ်လို့ ဆိုပါတယ်။  လက်ရှိအနေထားက ဟေတီ လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတကာအကူအညီတချို့ ရရှိထားပေမယ့်လည်း အင်အားနည်းပါးပြီး လက်နက် က လည်း မလုံလောက်ဘူးလို့ သိရပါတယ်။

ဟေတီဝန်ကြီးချုပ် ဟင်နရီရဲ့  အကြံပေးပုဂ္ဂိုလ် ဂျင်းဂျူနီယာ ဂျိုးဇက်က CNN ကို ပြောဆိုရာမှာတော့ “အထွေထွေ မလုံခြုံမှုကို တိုက်ဖျက်ပေးမယ့်  မစ်ရှင်ကို ကျွန်တော်တို့ စိတ်မရှည်စွာဖြင့် စောင့်မျှော် နေပါတယ်။”လို့ ပြောဆိုလိုက်တဲ့ အကြောင်းလည်း သိရပါတယ်။

Ref:CNN

 ပုံစာ။ လမ်းပေါ်က လက်နက်ကိုင် ဂိုဏ်သားတစ်ချို့

Feature Image Credit : sky news

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *