ဝါရှင်တန်၊ ဖေဖေါ်ဝါ့ရီ ၂၄
ယီမင်သူပုန်တွေ တိုက်ခိုက်တာခံရအပြီး အေဒင်ပင်လယ်ကွေ့မှာ စွန့်ပစ်ထားခဲ့တဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ ရေထဲမှာ နစ်မြုပ်နေပြီး ရေနံအမြောက်အမြား ကျန်ရစ်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ဒီကိစ္စဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တစ်ခုအနေနဲ့ ပိုမိုဆိုးရွားလာနိုင်တဲ့အကြောင်း ကိုလည်း အမေရိကန်က သတိပေးနေပါတယ်။
မီးလောင်လွယ်တဲ့ ဓာတ်မြေသြဇာတွေတင်ဆောင်လာတဲ့ ဘယ်လီဇ်အလံတင်ထားတဲ့ ဗြိတိန်-မှတ်ပုံတင်နဲ့ လက်ဘနွန်နိုင်ငံထုတ် ကုန်တင်သင်္ဘော Rubymar ဟာ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ ရက်မှာ ဒုံးကျည်နဲ့ တိုက်ခိုက်လို့ အခုလို ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
သင်္ဘောဘေးခြမ်းကို ဒုံးကျည်တစ်စင်း ထိမှန်ပြီး မကြာခင်မှာပဲ သင်္ဘောသားတွေဟာ ဂျီဘူတီကို ရွှေ့ပြောင်း ခဲ့ကြပါတယ်။ မကြာခင်မှာတော့ အင်ဂျင်ခန်းကို ရေတွေ စဝင်လာတာလို့ သိရပါတယ်။
ဒုတိယမြောက် ဒုံးကျည်တစ်စင်းကတော့ သင်္ဘောကုန်းပတ်ကို ကြီးကြီးမားမား ထိခိုက်မှုမဖြစ်စေခဲ့ဘူးလို ပြောပါတယ်။
“တိုက်ခိုက်ခံရချိန်မှာ M/V Rubymar ဟာ ဓာတ်မြေသြဇာ တန်ချိန် ၄၁,၀၀၀ ကျော်ကို သယ်ဆောင်လာခဲ့ပြီး ပင်လယ်နီထဲကို ယိုဖိတ်နေတယ်လို့ တွစ်တာ( x) မှာ ရေးသားထားတာလည်း တွေရပါတယ်။
Ref: AFP
ပုံစာ။ ဟူသီသူပုန်တွေ တိုက်ခိုက်တာခံထားရတဲ့ ကုန်တင်သင်္ဘော ကို တွေ့ရပုံ
Feature Image Credit: AFP/US Central Command)



