မြန်မာနိုင်ငံ၊စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ကျ ရောက်နေတဲ့ ဧရိယာအကျယ်အဝန်း (၄၀,၅၁၁)ဧကရှိ နယ်မြေကို အမိန့်ကြော် ငြာစာအမှတ် (၉၉/ ၂၀၂၃)အရ ၁၃၈၅ ခုနှစ်၊ ဝါခေါင် လဆန်း (၁၄)ရက်၊ (၂၀၂၃ ခုနှစ်၊ဩဂုတ်လ ၃၀ ရက်) မှ စတင်ပြီး နန်ယုတ်ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာ တနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက စက်တင်ဘာလ၇ရက် နေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ကြေ ညာခဲ့ပါတယ်။

နန်ယုတ်ကြိုးပြင်ကာကွယ်တော သတ် မှတ်လိုက်တာကြောင့် အဲ့ဒီဧရိယာအ တွင်းက ကျွန်း၊ သစ်ယာ၊ အင်ကြင်းစတဲ့ အဖိုးတန်သစ်မျိုးများနဲ့ ကညင်၊ သပြေ၊ လောက်ယား၊သစ်စေးစတဲ့ ဒေသမျိုးရင်း သစ်မျိုးများကို ထိန်းသိမ်းနိုင်မည် ဖြစ် ခြင်း၊ မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်း တိရစ္ဆာန်များအား ကာကွယ်နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိတဲ့ ဝက်ဝံ၊ မျောက်၊ ဆတ်၊ ပြောင်၊ ဂျီ၊ တောဝက် စသည့် တောရိုင်း တိရစ္ဆာန်များရဲ့ နေ ရင်းဒေသများ တိုးပွါးလာနိုင်ခြင်း၊ ဥရုမြစ် အတွင်း စီးဝင်သော နန်ယုတ်ချောင်းရဲ့ ရေဝေရေလဲဧရိယာအား ထိန်းသိမ်းနိုင် မည်ဖြစ်ခြင်းနှင့် သစ်တောသယံဇာတ များကို စနစ်တကျ စီမံအုပ်ချုပ်နိုင်မည် ဖြစ်ခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိ နိုင်မှာလို့ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြပါရှိပါတယ်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ်၊သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် များကိုကျင့်သုံးပြီး နန်ယုတ်ကြိုးပြင်ကာ ကွယ်တောအဖြစ်သတ်မှတ်လိုက်တာ ဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊အိုင်စတဲ့ ရေ အရင်းအမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိ
စေ ရန်၊ ဒေသခံပြည်သူများရဲ့ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါးစတဲ့ သစ်တောထွက် ပစ္စည်းများဖြည့်ဆည်း ပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်း နိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက် အကူပြုစေရန် ရည်ရွယ်ပြီး ကြိုးဝိုင်း/ ကြိုး ပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ် မှတ် ခြင်းဖြစ်တယ်လို့လည်း သိရပါ တယ်။