ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာလမ်း ဆုံမှာ ဇန်နဝါရီလ၂၁ရက်မနက်ပိုင်းက လက်နက်မှောင် ခိုအဖွဲ့က လက်နက်ခဲယမ်း တွေသယ်ဆောင်လာတဲ့ကားများ မီး လောင်ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့တယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။



ဖြစ်စဥ်မှာ ဇန်နဝါရီလ၂၁ရက်မနက်ပိုင်းက လက်နက်/ခဲယမ်းများ တင်ဆောင်လာတဲ့ ကား ၅စီးဟာ မိုင်းပြင်း- ဖာလဲကတဆင့် ကယားပြည်နယ်ကို ဝင်ရောက်မယ်လို့ သတင်းရရှိတာကြောင့် တပ်မတော်စစ်ကြောင်းများက ပိတ်ဆို့စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာလမ်းဆုံမှာ လက်နက်ခဲယမ်းများသယ် ဆောင်လာတဲ့ကားများနဲ့တပ်မတော်စစ်ကြောင်းများ ထိပ်တိုက်တွေ့ဆုံရာမှာ လက်နက်မှောင်ခိုအဖွဲ့ဟာ အညံ့မခံဘဲ လက်နက်/ခဲယမ်းကားများကို မီးရှို့ထွက်ပြေးခဲ့တာကြောင့် လက်နက်ကြီးကျည်ဆန်များ၊ခဲယမ်းများ ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အပြင် စံဖူးကျေးရွာက နေအိမ်၂၇လုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။




မီးလောင်ပျက်စီးခဲ့တဲ့ ကားများပေါ်ကနေ လက်နက် ငယ် ၅၂၆ လက် (မီးကျွမ်း)၊107 ရှော့တိုက်ဒုံး ၂၀ (မီး ကျွမ်းပြီး အခွံကျန်)၊ RPG ဒုံးသီး အမြောက်အများ (မီးကျွမ်း)၊ 5.56 ကျည် ၃၀၀၀၀ ကျော် (မီးကျွမ်း)၊စိစစ်ဆဲ ခဲယမ်းအမြောက်အများ (မီးကျွမ်း) မီးလောင်ကျွမ်းခဲ့ပြီး PNLA ယူနီဖောင်းဝတ် အလောင်း ၁ လောင်းတို့ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။



