ဟိုပုံးမြို့နယ်မှာ ကျပ်၁ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေး ရွာအနီး၊ တောင်ကြီး-လွိုင်လင်သွားကားလမ်းမှာ ဒီဇင် ဘာလ ၁၀ရက်နေ့ မနက်၁၀နာရီခွဲက ဒေသကာလတန်ဖိုးငေ့ကျပ် ၁ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါးတွေကို HIACE မော်တော်ယာဉ်တစ်စီးပေါ်က ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၀ရက်နေ့ မနက်၁၀နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ နယ်၊ ရွာသစ်ကျေးရွာအနီး၊ တောင်ကြီး-လွိုင်လင်သွားကားလမ်းတွင် စိုင်းထွန်းလူ(ခ)စိုင်းနော်ခေး မောင်းနှင်လာတဲ့ HIACE မော်တော်ယာဉ်ကို ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၉ ဒသမ ၀၉ ကီလို၊ ကက်တမင်း ၁၀၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို တာချီလိတ်မြို့နယ်ကနေ တောင်ကြီးမြို့နယ်ကိုသယ် ဆောင်လာလို့ သိရပါတယ်။

စိတ်ပြောင်းဆေးဝါးများနဲ့အတူ ဖမ်းမိခဲ့တဲ့ စိုင်းထွန်းလူ (ခ) စိုင်းနော်ခေးကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့လည်း သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *