ဟိုပန်၊ ပန်လုံဒေသကို ဝပြည်နယ်ပြည်သူအစိုးရဆီကို နစကက လွှဲပြောင်းပေးအပ်

ဝပြည်နယ်ပြည်သူအစိုးရ အနေနဲ့ ဟိုပန်၊ပန်လုံဒေသကို ဝပြည်နယ်ပြည်သူအစိုးရကို ဇန်နဝါရီလ၁၀ရက်နဲ့ ၁၁ ရက်တို့က နစကက ကနေ ဝပြည်နယ်ပြည်သူအစိုးရဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လွှဲပြောင်းပေးအပ်ရာကို သွေးစည်းညီညွှတ်ရေးပါတီ ဗဟိုကော်မတီ မိုင်းမောခရိုင်အတွင်းရေးမှူး၊ ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနှင့် “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဟာ “ဝ”ပြည်နယ် ပြည်သူ့အစိုးရ ကိုယ်စား ဟိုပန်၊ ပန်လုံဒေသကို သွားရောက်ပြီး လွှဲပြောင်းလက်ခံတယ်လို့ သိရပါတယ်။

ဟိုပန်မြို့နယ်ဟာ ‘၀’ အထူးအဒေသတွင် ပါဝင်ပြီး မြို့ ၂ မြို့၊ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၁၇ စု၊ ကျေးရွာပေါင်း ၇၇ ရွာ ပါဝင်ပြီး ၅၅၆.၆၄ စတုရန်းမိုင် ကျယ် ဝန်းကာ အရှေ့ဘက်မှာ တရုတ်နိုင်ငံ၊ တောင်ဘက်မှာ မိုင်းမောမြို့နယ်၊ အ နောက်ဘက်မှာ ကွမ်းလုံမြို့နယ်၊ သိန်းနီမြို့နယ်၊ မြောက်ဘက်မှာ လောက်ကိုင်မြို့နယ်၊ တရုတ်နိုင်ငံတို့နဲ့ နယ်နိမိတ် ထိစပ်လျှက်ရှိပြီး ဟိုပန်မြို့နယ်သည် တောင်ကုန်း တောင် တန်းများ ထူထပ်ပေါများပြီးလွင်ပြင်ဒေသအနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *