- ကယ်ဆယ်ရေးအဖွဲ့တွေက သတင်းရရခြင်း ကယ်ခဲ့ပေမယ့် အသက်မကယ်နိုင်

ဓါတ်ပုံ။ MFSD
ဟိုပင်၊ မတ် ၁၈
ရှမ်းပြည်နယ်၊ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပန်မြို့နယ်၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း)မှာ မတ်လ၁၈ရက် မွန်းလွဲ၂နာရီခွဲက ရေတွင်းတူးရာမှ အမျိုးသားသုံး ယောက် အောက်ဆီဂျင် ပြတ်သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
“ရေတွင်းတူးတဲ့သူသုံးယောက်အောက်ဆီဂျင်ပြတ်ပြီးရေတွင်းထဲမှလဲကျနေတယ်လို့သိရတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့တွေကအားချင်းကယ်ခဲ့ကြပေမယ့်သူတို့အသက်ကိုမကယ်နိုင်ခဲ့ပါဘူး´´ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့သူတစ်ယောက်က ပြောပါတယ်။
ဖြစ်စဉ်မှာ မတ်လ၁၈ရက် မွန်းလွဲ၂နာရီခွဲက ရှမ်းပြည်နယ်၊ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပန်မြို့နယ်၊မန်ခိုင်ရပ်ကွက်၊ ကွင်း အမှတ်(၂/မန်မိုင်ကွင်း)မှာ ရေ တွင်းတူးရာမှ အမျိုးသားသုံးယောက် အောက်ဆီဂျင်ပြတ်လတိပြီး သတိမေ့နေတယ်လို့ သတင်းရရှိတာကြောင့် ဟိုပန်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီး သတ် တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး အမျိုးသား(၃)ယောက် (သေဆုံး)ကို “ဝ”တိုင်းနာရေးကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ ဟိုပန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရ ပါတယ်။