ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် ဆာလတ် အယ်အာအူရီ ဘေရွတ်မြို့မှာ လုပ်ကြံ သတ်ဖြတ်ခံရ

 ဗုံးခွဲ တိုက်ခိုက်ခံရအပြီး တွေ့ရတဲ့ ဘေရွတ်က  ဟားမတ်စ် ရုံးခန်းတစ်ခု
Photo Credit: Hassan Ammar/AP

ဘေရွတ်၊ ဇန်နဝါရီ ၃

လက်ဘနွန်မြို့တော် ဘေရွတ်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့  တိုက်ခိုက်မှုတစ်ခုမှာ သူတို့ရဲ့   အကြီးတန်း ခေါင်းဆောင် တစ်ယောက် သေဆုံးခဲ့တယ်လို့  ဟားမတ်စ်က ဇန်နဝါရီ ၂ရက် အင်္ဂါနေ့မှာ  ပြောဆိုလိုက်ပြီး ဒေသတွင်း တိုက်ပွဲ တွေ  တိုးလာမှာကို စိုးရိမ်ကြောင်းကိုလည်း ပြောပါတယ်။

ဟားမတ်စ်မီဒီယာ  က ဟားမတ်စ်နိုင်ငံရေးဗျူရိုရဲ့ လက်ထောက်အကြီးအကဲ ဆာလတ် အယ်အာအူရီ တစ်ယောက် လက်ဘနွန်နိုင်ငံ ဘေရွတ်မြိုမှာ သစ္စာမဲ့ ဇီယွန်ဝါဒီတို့ရဲ့  လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ အသက်ပေးခဲ့ရတယ်လို့ ပြောပါတယ်။

ဆာလတ်ဟာ ဘေရွတ်မှာ အခြေစိုက်တဲ့ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

ဘေရွတ်မြို့တောင်ပိုင်း ဒါဟီမြို့ဆင်ခြေဖုံးက  ဟားမတ်စ်အဖွဲ့ပိုင် ရုံးခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူလေးယောက် သေဆုံးခဲ့ကြောင်း လက်ဘနွန်သတင်းဌာန NNA က ဖော်ပြခဲ့ပါတယ်။ ဒီဒေသဟာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာပျောက်ကြားတပ်တွေရဲ့ အမာခံနယ်မြေလည်းဖြစ်ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကို မေးမြန်းရာမှာတော့  မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

Ref: CNN

ပုံစာသေဆုံးသွားတဲ့ ဟားမတ်စ် ခေါင်းဆောင် ဆာလတ် အယ်အာအူရီ

Feature Image credit: Nariman El-Mofty/AP

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *