ဒိုဟာ၊ ဇန်နဝါရီ ၁၆
၁၅လကြာ သွေးထွက်သံယို တိုက်ခိုက်နေကြတဲ့ ပါလက်စတိုင်းနယ်မြေမှာ နှစ်ဘက် အပစ်ရပ်ဆဲရေး သဘောတူညီချက်တစ်ခု လာမယ့် ၁၉ရက်နေ့မှာ စအသက်ဝင်တော့မယ်လို့ သိရပါတယ်။
သဘောတူညီချက်ထဲမှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါ ရှုပ်ထွေးလွန်းတဲ့ အဆင့်ဆင့်သော သဘောတူညီချက်ထဲမှာ သောင်းနဲ့ချီသေဆုံးခဲ့တဲ့ ပြည်သူတွေ ကိစ္စ၊ ဂါဇာကမ်းမြှောင်က အစ္စရေးတပ်ဖွဲ့တွေ တဖြည်းဖြည်းဆုတ်ခွာခြင်းနဲ့အတူ ခြောက်ပတ်ကြာ ကနဦး အပစ်အခတ်ရပ်စဲရေးကို အလေးပေးဖော်ပြထားပါတယ်။
ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ လဲလှယ်ပေးမယ်လို့လည်း သိရပါတယ်။
ဒိုဟာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani က အပစ်အခတ်ရပ်စဲရေးဟာ တနင်္ဂနွေနေ့မှာ အသက်ဝင်မယ်လို့ ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။
Ref: Reuters
ပုံစာ။ ငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့ ပါလက်စတိုင်းပြည်သူများ
Feature Image Credit: The Caapire



