တီဟီရန်၊ ဇူလိုင် ၃၁
ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေး ဟာနီယက် အီရန်နိုင်ငံ တီဟီရန်မှာ အစ္စရေး လက်ချက်နဲ့ သေဆုံးသွားပြီလို့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အီရန်နိုင်ငံပိုင် မီဒီယာက ဇူလိုင် ၃၁ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။
ထုတ်ပြန်ချက်မှာ ဟာနီယက်ဟာ သူ့ရဲ့ နေအိမ်ကို အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုခံရပြီး သေဆုံးသွားခဲ့တာလို့ ဟားမတ်စ်ဘက်က ပြောဆို လိုက်ပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေက ပြင်းထန်လာကာ ဂါဇာမှာလည်း ဟားမတ်စ်တွေကို ဆက်လက်တိုက်ခိုက်နေချိန်မှာပဲ အခုလို ထိပ်တန်းခေါင်းဆောင်ကို လုပ်ကြံခဲကြတာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ ဘောလုံးကစားနေတဲ့ အားကစားကွင်းထဲက ကလေး ၁၂ ယောက် သေဆုံးခဲ့ရတာဟာ ဟစ်ဇ်ဘိုလာ လက်ချက်လို့ အစ္စရေးက စွပ်စွဲထားပြီး ဟစ်ဇ်ဘိုလာဘက်ကတော့ ငြင်းဆန်ထားပါတယ်။
ဟားမတ်စ်ဘက်ကတော့ သူတို့ ခေါင်းဆောင် အသတ်ခံရတာနဲ့ ပတ်သက်လို့ အစ္စရေး အနေနဲ့ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်လို ပြောဆိုလိုက်ကြောင်း သိရပါတယ်။
Ref: CNA
ပုံစာ။ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေး ဟာနီယက်
Feature Image Credit: Al-Monitor



