ပါလက်စတိုင်း ဒုက္ခသည် အများအပြားသေဆုံး
ဂါဇာ၊ အောက်တိုဘာ ၂၀
အောက်တိုဘာ ၁၉ရက် ကြာသပတေးနေ့ ညနေပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာက ဘုရားကျောင်း ဝင်းတစ် ခုမှာ ခိုလှုံနေကြတဲ့ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ရွှေ့ပြောင်းဒုက္ခသည် အများအပြား သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ သိ ရပါတယ်။
ဟားမတ်စ်ဘက်ကလည်း ဂါဇာစီးတီး ဂရိသြသိုဒေါက်စ် Saint Porphyrius ဘုရားကျောင်းဝင်းထဲမှာ ခိုလှုံနေကြတဲ့ သူတွေ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပါလက်စတိုင်းနယ်မြေထဲမှာ စစ်ဖြစ်နေချိန် ဂါဇာကမ်းမြောင်ဒေသခံအများအပြား လာရောက် ခိုလှုံနေတဲ့ နေရာတစ်ခု လို့ လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံ မျက်မြင်သက်သေတွေကတော့ခိုလှုံရာ ဝတ်ပြုရာနေရာကို ပစ်မှတ်ထား ခဲ့တာလို့ အေအက်ဖ်ပီ ကို ပြောပါတယ်။
အေဖက်ဖ်ပီ ဘက်က ဆက်သွယ်မေးမြန်းရာမှာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က တိုက်လေယာဉ်တွေရဲ့ တိုက် ခိုက်မှုက ဟားမတ်စ်ဘက်ကနေ အစ္စရေးဘက်ကို ဒုံးကျည်နဲ့ မော်တာတွေ ပစ်လွှတ်နေတဲ့ ကွပ်ကဲမှု နဲ့ ထိန်းချုပ်ရေး စင်တာကို ထိမှန်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ကျနော်တိုပစ်ခတ်လို့ ဂါဇာက ဘုရားကျောင်းတစ်ခုရဲ့ တံတိုင်းတစ်ခု ပျက်စီးသွားခဲ့ကြောင်း၊ အသေအပျောက်သတင်းတွေကိုလည်း သိထားပြီးတဲ့ အကြောင်းပြောပါတယ်။
ဂါဇာဘက်က မျက်မြင်သက်သေတွေ ရဲ့ အဆိုအရကတော့ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း မျက်နှာစာ ပျက်စီးခဲ့ပြီး ကပ်လျက် အဆောက်အဦ ပြိုကျလို့ ဒဏ်ရာရသွားတဲ့ သူတွေကို ဆေးရုံ ပို့ထားရတယ်လို့ ဆိုပါတယ်။
Saint Porphyrius ဆိုတာက ဂါဇာမှာ ဒီနေ့တိုင် အသုံးပြုနေတဲ့ ရှေးအကျဆုံးဘုရားကျောင်းဖြစ်ပြီးမြို့ ရဲ့သမိုင်းဝင် ရပ်ကွက် တစ်ခုမှာ တည်ရှိတာလို့ သိရပါတယ်။
Ref: AFP/at
ပုံစာ။ တိုက်ခိုက်မှုတွေ မတိုင်မီက တွေ့ရတဲ့ Saint Porphyrius ဘုရားကျောင်း
Feature Image Credit : AFP / THOMAS COEX)