ဟားမတ်စ်တို့ရဲ့ ပင့်ကူမျှင်ဥမင်လိုဏ်ခေါင်း တွေဟာ အစ္စရေးတို့ရဲ့ မြေပြင်ထိုးစစ်ကို အန္တရာယ်အများကြီး ပေးနိုင်တယ်လို့ အမေရိကန်ပြော

ဂျေရူစလင်၊ အောက်တိုဘာ ၃၀

ဂါဇာကမ်းမြောင်ဒေသထဲက  အစ္စရေးတို့ရဲ့  မြေပြင်ထိုးစစ်တွေအတွက် အန္တရာယ်အများဆုံး စိန်ခေါ်မှုက ဟား မတ်စ် တွေရဲ့ ပင့်ကူမျှင် ပုံစံ ကွန်ယက်ဖြန့် ဖေါက်လုပ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းတွေ ဖြစ်တယ်လို့ အမေရိ ကန် စစ်ရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့  တည်ဆောက်ထားတဲ့ ကျယ်ပြောလှတဲ့ ဝင်္ကပါဥမင် လိုဏ်ခေါင်း တွေဟာ  လူနေထူထပ်တဲ့ နေရာတွေအောက်မှာ ကန့်လန့်ဖြတ် ဖေါက်လုပ်ထားပြီး သူတို့ရဲ့ ဒုံးပျံလက်နက် တိုက်တွေ အပါအဝင်  ဓားစာခံ ၂၀၀ ကျော်တို့ကိုလည်း အဲ့ဒီနေရာမှာပဲ ဝှက်ထားတယ်လို့ သိရပါတယ်။

အစ္စရေးတို့အနေနဲ့ ဟားမတ်စ်တွေကို ဖျက်ဆီးပစ်ချင်ရင်တော့ ဒီ ဥမင်လှိုဏ်ခေါင်းတွေကို ဖျက်ဆီး ပြစ်နိုင်ဖို့က အရေးပါ ပါတယ်။

လှိုဏ်ခေါင်းတွေနဲ့ ပတ်သက်ပြီး “မျက်နှာကို အရိုက်ခံရဖို့ရှိတဲ့  လမ်းပေါ်မှာ လမ်းလျှောက်နေရသလိုပါပဲ” ဆိုပြီး ဝက်စ်ပွုင့် မှာရှိတဲ့   “Modern War Institute” က  အငြိမ်းစား အမေရိကန်စစ်တပ်ဗိုလ်မှူးအပါအဝင် “Urban Warfare Studies “ ဥက္ကဌ  ဂျွန် စပန်ဆာ တို့ကလည်း  ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

အောက်တိုဘာ ၂၈ ရက် စနေနေ့  ညတွင်းချင်းမှာ အစ္စရေးစစ်တပ်က လေယာဉ်တွေဟာ ဂါဇာမြောက်ပိုင်းက မြေအောက် ဟားမတ်စ်ပစ်မှတ် ၁၅၀ ကို တိုက်ခိုက်ခဲ့ပြီး ဥမင်လိုဏ်ခေါင်းတွေ၊ တိုက်ခိုက်ရေးနေရာတွေနဲ့ အခြားမြေအောက် အခြေခံ အဆောက်အအုံတွေ ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးတို့က ဟားမတ်စ်တွေရဲ့  အထင်ရှားဆုံးသော ဥမင်လှိုဏ်ခေါင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း အကဲခတ် သူတွေက ပြောဆို နေကြပါတယ်။

Ref: AP/sn

ပုံစာ။  မြေအောက်လှိုဏ်ခေါင်းထဲ့က ဟားမတ်စ် တစ်ယောက်ကို တွေ့ရစဥ်

Feature Image Credit:  AFP/Mahmud HAMS

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *