ဟားမတ်စ်တိုက်ခိုက်မှု နောက်ကွယ်မှာ တီဟီရန် ရှိမနေဘူးလို အီရန်ခေါင်းဆောင်  ခါမေနီက ပြောဆို

ဒူဘိုင်း ၊ အောက်တိုဘာ ၁၀

အီရန်နိုင်ငံရဲ့  ထိပ်တန်းအာဏာပိုင် အယာတိုလာ အလီခါမေနီက  အီရန်နိုင်ငံဟာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက် ခဲ့ရာမှာ  ပါဝင်ခဲ့ခြင်း မရှိပေမယ့်လည်း အစ္စရေးရဲ့  စစ်ရေးနဲ့ထောက်လှမ်းရေး ရှုံးနိမ့်မှု အတွက် ကျေနပ်ကြောင်း  ဟား မတ်စ် ရဲ့တိုက်ခိုက်မှုပြီးစကတည်းက သူ့ရဲ့ ပထမဆုံး ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်  “ဇီယွန်ဝါဒီ အစိုးရကို တိုက်ခိုက်ဖို့ စီစဉ်သူတွေရဲ့ လက်ကို နမ်းတယ်” လို့ လည်းပြောပါတယ်။

“ဒီအဖျက်ငလျင် (ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှု) ဟာ အစ္စရေးမှာ အလွယ်တကူ ပြုပြင်မရနိုင်တဲ့ အရေးကြီးတဲ့ အဆောက် အဦတချို့ကို ဖျက်ဆီးပစ်ခဲ့ပါတယ် “ လို့လည်း  ခါမေနီက ပြောဆိုခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ အီရန်ဟာ ဟားမတ်စ်ကိုလက်နက်တွေထောက်ပံ့ပေးနေရုံသာမက  အကြမ်းဖက်မှုတွေကို လှုံ့ဆော် ပေးနေတယ် လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် အစ္စရေးကို အသိအမှတ်မပြုတဲ့ တီဟီရန်က နောက်ကွယ် က ပံ့ပိုးမှုတွေ ပေး နေ တယ်လို့လည်း ပြောပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ခီရ်ဘိုင်က  ဟားမတ်စ်ကို ထောက်ခံရာမှာ အီရန်က အတိုင်းအတာတစ်ခုအထိ ရှုပ်ထွေးမှုရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိဘူး၊ ဒါပေမယ့် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရ အဖွဲ့က လက်ရှိ တိုက်ခိုက်မှုမှာ အီရန်က တိုက်ရိုက် ပါဝင်ပတ်သက်နေတဲ့ သက်သေ အထောက် အထားတွေကို မတွေ့ ရသေးဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။

အကျပ်အတည်းမှာ မပါဝင်ဖို့ အီရန်ကို  အောက်တိုဘာ ၉ရက် တနင်္လာနေ့က အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး က သတိ ပေးခဲ့ပြီး ပဋိပက္ခကို ကျယ်ပြန့်အောင် မလုပ်စေချင်ဘူးလို့ ပြောဆိုထားကြောင်းလည်း သိရပါတယ်။

Ref: Reuters/gs

ပုံစာ။ အီရန်ရဲ့  နံပါတ် တစ်ခေါင်းဆောင် အယာတိုလာ ခါမေနီ

Feqature Image Credit: via REUTERS/File

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *