တီဟီရန်၊ ဩဂုတ် ၁
ဟားမတ်စ်ခေါင်းဆောင် အစ္စမေး ဟာနီယက်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၃၁ ရက်) က လုပ်ကြံသတ်ဖြတ်လိုက်တာ ဟာ ဂါဇာစစ်ပွဲကို ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခအဖြစ် ပြောင်းလာနိုင်တယ်လို့ အီရန်ဘက်က ပြောဆိုလာတယ်လို့ သိရပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဟာနီယက်ဟာ အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလုပ်ကြံမှုဟာ အီရန်သမ္မတသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ပြီး နာရီပိုင်းအကြာမှာ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အီရန်က စစ်ပွဲထဲကို အလုံးစုံ ဝင်လာဖို့ ဆန္ဒမရှိသေးပါဘူးလို့ အမေရိကန်အစိုးရရဲ့ အရှေ့အလယ်ပိုင်း အမျိုးသားထောက်လှမ်းရေး လက်ထောက်အရာရှိဟောင်း ဂျွန်နသန် ပါနီကောဖ်က သုံးသပ်ပြောဆိုပါတယ်။
ဟာနီယက် လုပ်ကြံခံရမှုက အစ္စရေးလက်ချက်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားပေမယ့်လည်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက အစ္စရေး အစိုးရမှာ တာဝန်မရှိကြောင်းနဲ့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ကြောင်းသိရပါတယ်။
အီရန်ရဲ့ နံပါတ်တစ် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကတော့ အီရန်ပိုင်နက်ထဲမှာ ဟာနီယက် အသက်ပေးခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစ္စရေးကို “ပြင်းပြင်းထန်ထန် ပြစ်ဒဏ်” ပေးမယ် ဆိုပြီလည်း ကတိပေးခဲ့တယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ ဟာနီယက် ကို ဆုတောင်းပေနေကြတဲ ပြည်သူတွေကို တီဟီရန်မှာ တွေ့ရပုံ
Feature Image Crredit: The New York Times



