ဟာ့ဂ်ျဘုရားဖူးခရီးသွားတွေ သေဆုံးမှုအတွက် အီဂျစ်ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကို အစိုးရက အရေးယူ

ကိုင်ရို၊ ဇွန် ၂၅

အီဂျစ်ဘုရားဖူးတွေ သေဆုံးရမှုနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံက ခရီးသွားကုမ္ပဏီ ၁၆ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဒါ့အပြင်  မက္ကာမြို့မှာ အီဂျစ်ဘုရားဖူးတွေ သေဆုံးရမှုအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲကာ အစိုးရရှေ့နေဆီ လွှဲပြောင်းပေးခဲ့တဲ့အကြောင်း သိရပါတယ်။

မက္ကာကို လာကြတဲ့ အခုနှစ်၂၀၂၄ ဟာ့ဂျ် ဘုရားဖူးခရီးစဉ်မှာ အီဂျစ်နိုင်ငံသား အနည်းဆုံး ၅၃၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ အီဂျစ် ဆေးဘက်ဆိုင်ရာနဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသူတွေကို တာဝန်ယူခဲ့တဲ ခရီးသွားကုမ္ပဏီတွေဟာ ဆေးဝါးကုသခြင်းအပါအဝင် ဘာဝန်ဆောင်မှုကိုမှ ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ တိုင်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သေဆုံးသွားခဲ့ရတဲ့ ဘုရားဖူးတွေဟာ တောက်လောင်နေတဲ့ နေအပူရှိန်အောက်မှာမက္ကာကိုရောက်ဖို့ သဲကန္တာရထဲ လမ်းလျှောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ အပူရှိန်ခံစားရပြီး မူးမေ့သွားတဲ့ ဘုရားဖူးတစ်ယောက်

Feature Image credit: AFP/Fadel Senna

Visited 28 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *