ဟစ်ဇဘိုလာခေါင်းဆောင် ဟတ်ဆန် နာဇရာလာ သေဆုံးပြီးတဲ့နောက် နောက်ထပ် ထိပ်ပိုင်းခေါင်ဆောင် တစ်ယောက် အမြန်ရွေးတင်မယ်လို့ ဟစ်ဇဘိုလာပြော

ဘေရွတ်၊ စက်တင်ဘာ ၃၀

ပြီးခဲ့တဲ့ သောကြာနေ့က စက်တင်ဘာ ၂၇ ကဘေရွတ်မှာ  အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ဟတ်ဆန် နာဇရာလာ နေရာကို ဆက်ခံမယ့် ခေါင်းဆောင်ကို ဟစ်ဇဘိုလာက  “တတ်နိုင်သမျှ အမြန်ဆုံး” ရွေးချယ်မှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့  အဆင့်အမြင့်ဆုံး အရာရှိက စက်တင်ဘာ ၃၀ရက်တနင်္လာနေ့မှာ ရုပ်မြင်သံကြားမိန့်ခွန်းက တစ်ဆင့် ပြောဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေးကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့  အမြင့်ဆုံးတာဝန်ရှိသူတွေကို ဆက်ပြီးတိုက်ခိုက် သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဟစ်ဇဘိုလာရဲ့ နံပါတ်တစ်ခေါင်းဆောင် နာဟင်းကက်ဆင်း က လက်ဘနွန်မှာ မိမိတို့အဖွဲရဲ့ ဆုံးရှုံးမှုတွေအတွက် အစ္စရေးကို တိုက်ခိုက်ဖို့နဲ့  ပါလက်စတိုင်းတွေကို ကာကွယ်ဖို့ ဆိုတဲ့ အဖွဲ့ရဲ့ မစ်ရှင်ကို ဆက်လုပ်သွားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဆက်ပြီး နာဟင်းက “အစ္စရေးက ကုန်းတွင်းပိုင်းကို ဝင်ဖို့ ဆုံးဖြတ်ရင် ကျွန်တော်တို့ လည်း အဆင်သင့်ဖြစ် နေပါပြီ၊ တိုက်ပွဲတစ်ခုအတွက် ခုခံဖို့ အသင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

“ပေဂျာလုပ်ကြံမှုကစ၊ ငါတို့ခေါင်းဆောင်တွေ၊ အာဇာနည်တွေနဲ့ ငါတို့ရဲ့ အတွင်းရေးမှူးချုပ်အတွက် သာမက ငါတို့ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်အနစ်နာခံမှုတွနဲ့ ဆက်ပြီးတော့ လုပ်နေပါတယ်” ဆိုပြီးလည်း ပြောဆိုလိုက်တဲ့ အကြောင်းသိရပါတယ်။

Ref: cnn

ပုံစာ။အစ္စရေးတို့ လုပ်ကြံသတ်ဖြတ်တာခံခဲ့ရတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင် ဟတ်ဆန် နာဇရာလာ

Feature Image Credit: cnn

Visited 40 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *