ဟင်္သာတမြို့နယ်မှာ သစ်ပင်လဲကျပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးကို ပိမိမှုဖြစ်ပွား

လေပြင်းတိုက်ခတ်ပြီး မိုးသည်းစွာရွာသွန်းခဲ့တာ ကြောင့် သစ်ပင်လဲကျခဲ့တာဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၊ ဟင်္သာတ-ကြံခင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၅/၄)နဲ့ (၆/၅)ကြားမှာ မေလ၂၄ရက်မနက်၁၀နာရီ၅၀မိနစ်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းစွာရွာသွန်းခဲ့တာကြောင့် သစ်ပင်လဲကျခဲ့ပြီးဆိုင်ကယ်စီးလာသူနှစ်ဦးကို ပိမိမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

သစ်ပင်လဲကျမှုဖြစ်ပွားရာကို ဟင်္သာတမြို့နယ်မီး သတ်စခန်းက ရှာ‌ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသား (၂)ဦး(စိုးရိမ်ရ)တို့ကို ဟင်္သတခရိုင်ကွန်ရက်လူမှုကူ ညီရေးအသင်းက လုနာတင်ယာဉ်နဲ့ ဟင်္သာတမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- MFSD

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *