သြစတြေးလျနိုင်ငံက  အပန်းဖြေစခန်းတစ်ခုမှာရှိတဲ့ ဟိုတယ်ခေါင်မိုးပေါ် ရဟတ်ယာဥ် ပျက်ကျ

ရဟတ်ယာဥ်မှုးသေဆုံး

ဆစ်ဒနီ၊ ဩဂုတ် ၁၂

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းက အပန်းပြေစခန်းတစ်ခုမှာရှိတဲ့ ဟီလ်တန်ဟိုတယ်ရဲ့ ခေါင်မိုးပေါ်ကို တနင်္လာနေ့ (သြဂုတ် ၁၂ ရက်)မှာ  ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာမို့ လေယာဉ်မှူးသေဆုံးပြီး အဆောက်အဦခေါင်မိုးပိုင်းကို မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ်ဟာ  တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁း၅၀ နာရီမှာ ပျက်ကျခဲ့လို့ ဟိုတယ်မှာ တည်းခိုနေတဲ့ ရာနဲ့ချီတဲ့ ဧည့်သည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ရဟတ်ယာဉ်ရဲ့ ပန်ကာ အပိုင်းအစတွေက   ဟိုတယ်ကရေကူးကန်ထဲမှာ ပြန့်ကျဲနေတယ်လို့  အရေးပေါ် ဝန်ဆောင်မှု အရာရှိတစ်ယောက်က ပြောပါတယ်။

ရဟတ်ယာဉ်မှာပါတဲ့ တစ်ဦးတည်းသောခရီးသည်ဖြစ်တဲ့ လေယာဉ်မှူးကတော့  အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ နီးတဲ့အခန်းမှာ တည်းခိုနေတဲ့သူ နှစ်ယောက် မီးခိုးငွေ့တွေရှူမိခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

Ref:AFP

ပုံစာ။ မီးလောင်နေတဲ့ ဟိုတယ်နဲ့ လေယာဉ်ပျက် အပိုင်းအစတချိုကို တွေ့ရပုံ

Feature Image Credit: LBC

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *