ဆစ်ဒနီ၊ ဖေဖေါ်ဝါရီ ၂၀
ဩစတြေးလျနိုင်ငံဟာ သူ့ရဲ့ ရေတပ်အင်အားကို တိုးချဲ့တဲ့ အနေနဲ့ စစ်သင်္ဘောရေယာဉ်စုကို နှစ်ဆတိုးဖို့ ကာကွယ်ရေး ထပ်လောင်းအသုံးစားရိတ်ကို အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ပမာဏအထိတိုးမြှင့်မယ့် ဆယ်စုနှစ်ကြာအစီစဉ်တစ်ရပ်ကို ဖေဖေါ်ဝါရီ ၂၀ရက် အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။ ဒီအစီစဉ်အရ ဩစတြေးလျနိုင်ငံရဲ့ ရေတပ် အင်အားစုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး အနေအထားကို ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အစီအစဉ်အရ ဩစတြေးလျ ရေတပ်ဟာ အဓိက ရေပြင်တိုက်ပွဲဝင်သင်္ဘော ၂၆ စင်းကို ထပ်မံ ထည့်သွင်း ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။
“ဒါဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက ကျွန်တော်တို့ ရနိုင်မယ့် အကြီးဆုံးရေယာဉ်ဖြစ်ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလေ့စ် ကပြောပါတယ်။
ဩစတေးလျဟာ ဟွန်တာတန်းဖရီးဂိတ်စစ်ရေယာဉ် ခြောက်စီး၊ အထွေထွေသုံး ဖရီးဂိတ်စစ်ရေယာဉ် ၁၁ စင်းနဲ့ သင်္ဘောပေါ်မှာ စစ်သည်လိုက်ပါဖို့ မလိုတဲ့ ခေတ်ပေါ်ရေယာဉ် ခြောက်စင်းကိုလည်း တည်ဆောက်သွားဦးမှာလို့ သိရပါတယ်။
ဒါ့အပြင် ရန်သူနယ်မြေအတွင်းက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ တိုမားဟောခ် ဒုံးကျည်တွေကိုပါ တပ်ဆင် သွားမယ်လို့ ဆိုပါတယ်။ ဒီလို တပ်ဆင်မှုဟာ ရန်သူကို အဓိက အဟန့်အတားဖြစ်စေတဲ့ စွမ်းရည် တစ်ခုလို့လည်း ဆိုပါတယ်။
ဒီအစီအစဉ်မှာ သြစတြေးလျဟာ သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သူ့ရဲ့ နေတိုးမဟာမိတ်တွေ ချမှတ်ထားတဲ့ အင်အားထက် ၂ ဒသမ ၄ ရာခိုင်နှုန်း ထပ်ပြီး တိုးမြှင့်လိုက်တဲ့ သဘောလို့လည်း သိရပါတယ်။
Ref: AFP
ပုံစာ။ ဩစတြေးလျ ရေတပ်စစ်ရေယာဉ် တချို့ တွေ့ရပုံ
Feature Image Credit: POIS Peter Thompson/Royal Australian Navy via AP)



