
Photo Credit: Reuters
မွန်တာနာ၊ ဖေဖေါ်ဝါရီ ၃
မကြာသေးတဲ့ ရက်တွေကတည်းက အမှားမခံတဲ့ သတိထားရမယ့် နေရာတွေပေါ်မှာ ပျံသန်းနေတဲ့ မီးပုံးပျံဟာ တရုတ်ထောက်လှမ်းရေး မီးပုံးပျံလို့ အမေရိကန်က သံသယရှိနေပြီး ခြေရာခံ ထောက်လှမ်းနေတယ်လို့ သိရ ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက အမေရိကန်နိုင်ငံ အနောက်ပိုင်း မွန်တာ့နာမှာ မကြာသေးတဲ့ရက်က တွေခဲ့တဲ့ “အမြင့်ပျံ စောင့်ကြည့်ထောက်လှမ်းရေး မီးပုံးပျံ” ဟာ တရုတ်နိုင်ငံက လို့ ယုံကြည်ယူဆတဲ့ အကြောင်းပြောပါတယ်။
အမေရိကန်ဘက်က ပစ်ချလိုက်လို့ရပေမယ့် မြေပြင်ပေါ်ကို အပျက်အစီးတွေ ပြုတ်ကျနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်ခဲ့တာမို့ ပစ်မချဖို့ စစ်ဘက်ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။
ခုထိတော့ တရုတ်ကတော့ ဘာမှတ်ချက်မှပေးသေးပါဘူး။
ကနေဒါနိုင်ငံဘက်ကလည်း အဲ့ဒီ မီးပုံးပျံနဲ့ပတ်သက်တဲ့ “ဖြစ်နိုင်ချေရှိတဲ့ ဒုတိယဖြစ်ရပ်” ကိုဆက်ပြီးစောင့်ကြည့် နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံက နောက်ကွယ်မှာ ရှိနေနိုင်တယ်ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
ကနေဒါဟာ အရေးကြီး အချက်အလက်တွေကို ကာကွယ်ဖို့ အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေ တဲ့အကြောင်းတော့သူတို့ရဲ့ကြေညာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။
အဲ့ဒိမီးပုံပျံဟာ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ အလက်စကာက အလူးရှန့်ကျွန်းတွေပေါ်နဲ့ ကနေဒါကိုပါ ဖြတ် ပျံသန်းသွားခဲ့တာ ဖြစ်ပြီး မွန်တာနာက ဘေးလင်း မြို့မှာ ဗုဒ္ဓဟူးနေ့ တွေ့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိမ်ဖြူတော်က ပစ်ချဖို့ အမိန့်ပေးလိုက်တာနဲ့ ပစ်ချရအောင် F-22 တိုက်လေယာဉ် အပါအဝင် အခြား ဂျက်တိုက်လေ ယာဉ်တွေ အသင့် ပြင်ထားတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ကာကွယ်ရေး အရာရှိ တစ်ဦးက ပြောပါတယ်။
လူဦးရေကျဲပါးတဲ့ မွန်တာ့နာပြည်နယ်မှာရှိတဲ့ မဲ့လ်စထရောင်း လေတပ်အခြေစိုက်စခန်းမှာ နျူကလီးယား ဒုံးကျည် အခြေစိုက် သုံးနေရာသာရှိတဲ့ နေရာဖြစ်ပေမယ့် ဒီနေရာဟာ အကဲဆတ်တဲ့ နေရာ တစ်နေရာ ဖြစ်တယ် လို့ အမေရိကန်စစ်ဘက်တာဝန်ရှိသူတွေက ထုတ်ပြောခဲ့တယ်လို့ သိရပါတယ်။
Ref: BBC
