သံဖြူဇရပ် -ရေးလမ်း ကွမ်ကျိုက်တံတားမှာကုန်တင်ယာဉ်နှစ်စီး တိုက်မိခဲ့ပြီး မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ရေးမြို့နယ်၊မော့ကနင်ရွာအနီး၊သံဖြူဇရပ် -ရေးလမ်း ကွမ်ကျိုက်တံတားမှာစက်တင်ဘာ၁၃ရက် ညနေ၅နာရီ၄၀မိနစ်ကကုန်တင်ယာဉ်နှစ်စီးတိုက်မိခဲ့ပြီးကုန်တင်ယာဉ်တစ်စီးပေါ်က ယာဉ်မောင်း ကားခေါင်းထဲညှပ်မိပြီး မီးလောင်သေဆုံးခဲ့ရကြောင်း လူမှုကူညီရေးဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ၁၃ရက် ညနေ၅နာရီ ၄၀မိနစ်က ရေးမြို့နယ်၊မော့ကနင်ရွာအနီး၊သံဖြူဇရပ် -ရေးလမ်း ကွမ်ကျိုက်တံတားမှာလားရာတူ ရာဘာထုလုံးတင် ကုန်တင်ယာဉ်နဲ့ကွမ်းသီးတင်ကုန်တင်ယာဉ်တို့ တိုက်မိခဲ့ပြီးကွမ်းသီးတင်ယာဉ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာကွမ်းသီးတင်ယာဉ်ရဲ့ ယာဉ်မောင်းဟာ ကားရှေ့ခေါင်းခန်းထဲညှပ်မိပြီး မီးလောင်ကျွမ်း ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကားမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နဲ့လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *