သံဖြူဇရပ်မှာ ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွား

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ ကြာကန်ဈေးရှေ့၊သံဖြူဇရပ်-ကျိုက္ခမီ သွားလမ်းမကြီးပေါ်မှာ အောက်တိုဘာဘ၃၀ရက် ညနေ၄နာရီက ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့တာ ကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်လုံး ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းနဲ့ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းတို့က သွား ရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးစလုံးကို သံဖြူဇရပ်မြို့ဆေးရုံကို လူနာတင်ယာဥ်များနဲ့ပို့ဆောင်ပေးခဲ့ပေမယ့် တစ်ဦးဟာ ဆေးရုံ အရောင်မှာ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တွေရရှိခဲ့တာကြောင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကို ဆက် လက် ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *