မွန်ပြည်နယ်၊သံဖြူဇရပ်မြို့၊စုပေါင်းရုံရှေ့မှာ အောက်တို ဘာဘ၂၀ရက် မွန်းလွဲ၂နာရီခန့်က တွဲကားနဲ့ကြိတ်မိပြီး အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တို ဘာဘ၂၀ရက် မွန်းလွဲ၂နာရီခန့်က သံ ဖြူဇရပ်မြို့၊စုပေါင်းရုံရှေ့လမ်းမပေါ်မှာ အမျိုး သားတစ်ဦးမောင်းပြီး အမျိုးသမီးနှစ်ဦးလိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီးဟာ လားရာတူ နောက်ကနေမောင်းနှင်လာတဲ့ တွဲကားက ဟွန်းတီးခဲ့ရာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ လန့်ပြီး လမ်းလယ်မှာ ကာထားတဲ့ တိုင်ကီပုံးကို တိုက်မိပြီး ဆိုင်ကယ်လဲကျချိန် နောက်ကနေ မောင်းလာတဲ့တွဲကားက လဲနေတဲ့ဆိုင်ကယ်ပေါ်က အမျိုးသမီးငယ်ကို ကြိတ်မိခဲ့တာကြောင့် အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းတဲ့အမျိုးသားမှာ လက်ကျိုး၊ဒူးပြဲဒဏ်ရာ၊အမျိုးသမီးမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုရေးအသင်းများက လူနာတင်ယာဥ်များနဲ့ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။