သံဖြူဇရပ်မြို့နယ်မှာ ညီအစ်မနှစ်ဦး စကားများရန်ဖြစ်ကြရာကနေ ဓါးခုတ်မှုဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ကျုံကရုတ်ကျေးရွာမှာ အောက်တိုဘာလ၁၅ရက်မနက်၈နာ ရီ၃၀မိနစ်ကညီအစ်မနှစ်ဦး စကားများရန်ဖြစ်ကြရာကနေ ဓါးခုတ်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ကျုံကရုတ်ကျေးရွာမှာ အောက်တိုဘာလ၁၅ရက်မနက်၈နာရီ ၃၀ မိနစ်ကဓါးခုတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိခဲ့တာကြောင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသမီးတစ်ဦးမှာ မျက်နှာ၊လက်၊ခေါင်း ဓားဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့တာကြောင့် ဆေးဝါးကုသမှုခံယူနိုင်ဖို့အတွက်စေ တနာရှင်လူမှုကယ်ဆယ်ရေးအသင်းက မော်တော်ယာဥ်နဲ့ သံ ဖြူဇရပ်မြို့ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးရာ ထိုမှ တဆင့် လွှဲပြောင်းတာကြောင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆက် လက်လွှဲပြောင်းခဲ့တာကြောင့် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *