သံဃာအပါး (၁၀၀၀)ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းတွင် ရင်ပြင်တော်တောင်ဘက်ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီးလောင်းလှူခြင်းအခမ်းအနားကိုကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ၊ ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပခဲ့ကြောင်းလည်း သိရသည်။








