သံဃာဆွမ်းတန်းကို တက္ကစီက ဝင်တိုက်၍ ငါးပါးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ယနေ့ မေလ ၂၂ ရက် နံနက်၉ နာရီခန့်က ဆွမ်းခံကြွလာသည့် သံဃာဆွမ်းတန်းကို AD Van တက္ကစီတစ်စီးက ဝင်တိုက်မိသောကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ကိုရင် ၄ ပါး စုစုပေါင်း ၅ ပါး ဒဏ်ရာရရှိခဲ့ကြောင်း မုဒိတာလူမှုကူညီရေးအသင်းက သိရသည်။

ကော့မှူးမြို့နယ်၊ တရုတ်ကုန်းကျေးရွာ ကားလမ်းမဘေးမှ ကြွလာသည့် သံဃာ ရှစ်ပါးနှင့် ကျောင်းသားတစ်ဦးပါ ဆွမ်းတန်းကို ကွမ်းခြံကုန်း ရန်ကုန်ပြေးဆွဲနေသည့် တက္ကစီက မျက်နှာချင်းဆိုင်ဝင်တိုက်မိဖြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသော ကိုရင်ကြီး ၂ ပါး၊ ကိုရင်ငယ် ၂ ပါးနှင့် ဦးပဇ္ဇင်း ၁ ပါးတို့အား အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြေပြင်ကူညီကုသမှုပေးပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကော့မှူးဆေးရုံမှ လွှဲပြောင်းပေးခဲ့ကြောင်း ၊ယင်းအထဲတွင် ကိုရင်ကြီးတစ်ပါးဦးခေါင်းဒဏ်ရာပြင်းထန်ကာကိုရင်ငယ်တစ်ပါးတွင် ပေါင်ကျိုးသွား၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *