သေဒဏ်နဲ့နှစ်၂၀ တစ်လတစ်ခါသာ ထောင်ဝင်စာတွေ့ခွင့်ပေး

နိုဝင်ဘာ၊၆၊၂၀၂၃

အင်းစိန်ထောင်အတွင်း သေဒဏ်နဲ့နှစ်၂၀အထက်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ၊မိသားစုထောင်ဝင်စာတွေ့ဆုံခွင့်ကို လတစ်လရဲ့ပထမဆုံး( တနင်္ဂနွေနေ့ )တရက်ထဲသာ တွေ့ခွင့်ပြုထားတယ်လို့နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီက သိရပါတယ်။

“သွားရောက် တွေ့ဆုံလိုတဲ့ မိဘလတစ်လရဲ့ ( ပထမဆုံး တနင်္ဂနွေနေ့ ) ဆိုတဲ့ ကန့်သတ်ချက်ကို လကုန်ရက် ရောက်တိုင်း သတိထားဖို့ပါ။”လို့ကူညီပေးသူတဦးက ပြောပါတယ်။

မိသားစုတွေ့ဆုံဖို့မနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီ အချိန်အတွင်း သတ်မှတ်ထားတယ်လို့နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေက အသိပေးထားပါတယ်။

ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှ စတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာနက ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မိသားစုဝင်များသာတွေ့ခွင့်ရပြီး ‌လာရောက်တွေ့ဆုံသူများမှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊ ရဲစခန်းထောက်ခံချက်၊ ရပ်ကွက် ထောက်ခံချက်၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောင်အထား စတဲ့ စာရွက်စာတမ်းများ ပြသရမှာဖြစ်ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *