သေဆုံးပြီလို့ ဆေးရုံကအတည်ပြုခဲ့တဲ့ အမျိုးသမီး ဈာပနအခမ်းအနားပြင်ပြီးမှ အသက်ပြန်ရှုလာ

အီကွေဒေါနိုင်ငံမှာ ဇွန်၉ရက်က သေဆုံး ပြီလို့ ဆေးရုံကအတည်ပြုခဲ့တဲ့ အသက် ၇၆ နှစ်အရွယ်အမျိုးသမီး သူ့အတွက် ဈာပန အခမ်းအနားပြင်ပြီးမှ အသက်ပြန်ရှုလာတဲ့ ဖြစ်ရပ်ကြုံတွေ့ခဲ့တယ်။

ဘယ်လာမွန်တိုယာလို အမည်ရတဲ့ အဲဒီ အမျိုးသမီး ရုတ်တရက် လေဖြတ်သွားရာ ကနေ ဆေးရုံရောက်တော့ အသက်ရှူရပ် သွားလို့ သေဆုံးပြီဆိုပြီး တာဝန်ကျ ဆရာ ဝန်က အတည်ပြုပေးလိုက်တာဖြစ်တယ်လို့ သူ့သားဂီလ်ဘာကပြောပါတယ်။

မနက် ၉နာရီလောက် ဆေးရုံရောက်ပြီး မွန်းတည့်ချိန်ရောက်တော့ ဆရာဝန်က လူ နာရှင်ဖြစ်တဲ့ သားကို ခေါ်ပြီး သူ့ အမေ ဆုံး သွားပြီလို့ပြောတယ်။

လုံးဝမလှုပ်မယှက် ငြိမ်သက်နေတဲ့ ဘယ် လာမွန်တိုယာလိုကို အိမ်ပြန်သယ်လာတော့ သတင်းကြိုသိထားတဲ့ အိမ်သူအိမ်သားတွေ ဆွေမျိုးတွေက ဈာပနအတွက် သူတို့ ဓလေ့ ထုံးစံအတိုင်း ပြင်ဆင်နေကြပြီ။ စိတ်မ ကောင်းလည်းဖြစ်နေကြတယ်။

အခေါင်းသယ်တဲ့လူတွေကသယ်လာကြ။ ပန်းစည်းတွေ ပန်းခွေတွေပြင်တဲ့လူတွေက ပြင်ကြနဲ့ အလုပ်ရှုပ်နေကြပြီ။ ရပ်ရွာထဲက အမျိုးသမီးတစ်သိုက်က အမျိုးတွေကို လာ ကူပြီး အဝတ်အစားလဲပေးဖို့ သူ့အကျီအဝတ် အစားတွေ ချွတ်လိုက်တဲ့အချိန်ကျမှ အသက်ပြန်ှရှုလာခဲ့ပါတယ်။

ဆေးရုံကို ချက်ခြင်းအကြောင်းကြားတော့ လူနာတင်ကားရောက်လာပြီး ဘယ်လာ မွန်တိုယာလိုကို ဆေးရုံပြန်ခေါ်သွားကြ တယ်။

သူ လေဖြတ်ပြီး မြောနေရာကနေ သတိပြန် လည်လာတာ ဖြစ်တယ်။ သားဖြစ်သူကတော့ သူ့ အမေအမြန်ဆုံး ပြန်ပြီးကျန်းမာလာစေဖို့ ဆုတောင်းနေတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *