သူ့အသံကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး ဟောလိဝုဒ်ကြယ်ပွင့် စကားလက် ဂျိုဟန်ဆင်က ChatGPTကို စွပ်စွဲ

ဟောလိဝုဒ်၊ မေ ၂၀

မေလ ၂၀ရက်နေ့ တနင်္လာနေ့ က မင်းသမီး စကားလက် ဂျိုဟန်ဆင်ဟာ သူရဲ့အသံကို အသုံးပြုခွင်မပေးဘူးလို့ ငြင်းဆိုထားတဲ့ကြားက ChatGPTဟာ သူ့အသံကို တုပအသုံးပြုခဲ့တယ်ဆိုပြီး စွပ်စွဲ ပစ်တင်ခဲ့ပါတယ်။

သူကိုယ်တိုင် chatbot ကို အသံပေးရန် ငြင်းခဲ့ပြီးတဲ့ နောက် မင်းသမီးနဲ့အသံနဲ့အတော့်ကိုတူတဲ့ အသံကို ChatGPT စနစ်က OpenAI မှာ ကြားရပါတယ်။

ဒါပေမယ့် မင်းသမီးရဲ့ မှတ်ချက်စကားထွက်လာပြီး မကြာခင်မှာပဲ အေအိုင်ကုမ္ပဏီဘက်က ဒီအသံကို ဖြုတ်ချ ပစ်ခဲ့တယ်လို့ သိရပါတယ်။

OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အတက်ဆမ် က ဒီအသံဟာ မင်းသမီးအသံကို တုပထားတာ မဟုတ်ဘဲ အခြားတစ်ယောက်အသံပါလို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

“မစ္စ ဂျိုဟန်ဆန်ကို လေးစားတာမို့ ကျနော်တို့ဟာ ဒီအသံ အသုံးပြုတာကို ခဏရပ်ထားလိုက်ပါတယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

လတ်တလောမှာ ဖျော်ဖြေရေးအသစ်တွေဖန်တီးဖို့  AI ကို ဘယ်လို အသုံးပြုရမယ် ဆိုတာကို စတူဒီယိုတွေက စဉ်းစားနေပြီး ကွန်ပျူတာကထုတ်လုပ်တဲ့ရုပ်ပုံတွေနဲ့ အသံတွေဟာ လူသားစစ်စစ်နဲ့ ခွဲခြားရခက်လာတဲ့အချိန် တစ်ဘက်က သရုပ်ဆောင်တွေကလည်း သူတို့ ပုံရိပ်နဲ့ အသံအတွက် ရပိုင်ခွင်တွေ ပြောလာကြတာမို့ အခု ပြသနာက ဟောလိဝုဒ်မှာပွဲဆူနေတယ်လို့ သိရပါတယ်။

စကားလက် ဂျိုဟန်ဆန်ရဲ့ ကြေငြာချက်ထဲမှာတော့ ChatGTP ကပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာမှာ သူရဲ့ အသံကို အသုံးပြုဖို့ ကမ်းလှမ်းလာတာကို ငြင်းဆိုခဲ့တယ်လို့ အတိအလင်း ပြောထာတယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာ။ မင်းသီး စကားလက် ဂျိုဟန်ဆန်

Feature Image Credit: Women’s Health

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *