၁၈ ဖေဖော်ဝါရီ၊၂၀၂၄


အဆိုတော်ဟန်ထူးလွင်(ခ) ကျားပေါက် (Big Bag)က သူဖန်တီးရေးသားထားတဲ့ သီချင်းတွေကို စင်မြင့်ပေါ်ဖျော်ဖြေခွင့် ဘယ်သူ့ကိုမှ ခွင့်ပြုထားတာမဟုတ်ဘူးလို့ အသိပေးပြောကြားလာပါတယ်။
“သူ့အနေနဲ့ အဖွဲ့စည်းကိုမှ ကိုယ်စားလှယ်လွှဲ စီမံခွင့် အပ်နှံထားခြင်းမရှိဘူးလို့ဆိုပြီး သီချင်းများအားလုံးကိုလဲ စင်မြှင့်ပေါ်ဖျော်ဖြေခွင့်(performance rights) ကို မည်သူ တဦးတယောက်/ မည်သည့်အဖွဲ့အစည်းကိုမှ ခွင့်မပြုထားပါ။”လို့သူ့လူမူကွန်ယက်စာမျက်နှာကနေဒီနေ့မနက်အစောပိုင်းက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စင်တင်ဖျော်ဖြေခြင်းမူပိုင်ခွင့်၊ ခွင့်ပြုရယူထားတဲ့တေးသီးချင်းစားရင်းမှာ အဆိုတော်ကျားပေါက်ရဲ့”သတိရရဲ့လား”သီချင်းကို ခွင့်ပြုချက်ရထားတယ်ဆိုတဲ့စာရွက်ထွက်ရှိလာတာဖြစ်ပါတယ်။
စာရွက်ထွက်ရှိလာတာနဲ့ပါတ်သက်ပြီအဆိုတော်ကျားပေါက်က”The Heart of Rangoon – THOR ရေ။ လုပ်ပါအုံး အဲ့ခွင့်ပြုချက်ဘယ်ကောင်ပေးလိုက်တာလဲလို့။”ဆိုပြီးဖေဖော်ဝါရီ၁၇ရက်နေ့က လူမူကွန်ယက်ကနေအသိပေးထားပါတယ်။
ပြီးခဲ့တဲ့အပတ်က တေးသံရှင်ထူးအိမ်သင်ရဲ့သီချင်း”လေလွင့်ချင်းလမ်းမများ”သီဆိုပြီးလူသိများလာတဲ့ အမြင်အာရုံချို့တဲ့ အဆိုတော်အောင်ကိုကို
ဘားတွေ၊ကလပ်တွေ စင်မြင့်ထက်မှာသီဆိုဖို့ သူ့ကိုအားပေးတဲ့ထုတ်လုပ်ရေးတခုက တေးရေးဆရာဆီကနေ ခွင့်ပြုချက်ယူပေးခဲ့ရတာဖြစ်ပါတယ်။
သီချင်းတွေကို ဘားတွေ၊ကလပ်တွေစတိတ်ရှိုးတွေ ပြိုင်ပွဲစင်မြင်ထက်မှာ သီဆိုပါက တေးရေး၊တေးဆိုတွေရဲ့ခွင့်ပြုချက်ပါမှာသာဆိုခွင့်ပြုထားတယ်လို့ သိရပါတယ်။



