သူရဦးတင်ဦး စိတ်ဓါတ်မာကြောနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်

၁၀ ဖေဖော်ဝါရီ၊၂၀၂၄

ရန်ကုန်ဆေးရုံသစ်မှာ ဆေးကုသမူခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကဖြစ်သူ သူရဦးတင်ဦးကို ၈၈မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက ဒီကနေ့ ဆေးရုံကိုသွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“ဘဘကကျွန်တော့်ဆီကဘောလ်ပင်တောင်းတယ်။ပြီးတော့စာရွက်တောင်းပြီးတခုခုရေးပြောချင်ပုံရပါတယ်။ရေးရခက်နေတော့စာရွက်ကိုအောင်လံလွင့်သလိုလွင့်ပြတယ်။လက်မထောင်ပြဖို့လက်ဆုပ်ကိုအတင်းဖြေတယ်။အဖွားကဒေါ်စုအိမ်ပြန်မရောက်သေးဘူးလားလို့မေးတယ်။တကယ်တော့ ဘဘနဲ့အဖွားကကျွန်တော့်ကိုပြန်အားပေးလိုက်တာပါ။”လို့ကိုမြအေးက သူ့ရဲ့လူမူကွန်ယက်စာမျက်နှာပေါ်ကနေ အသိပေးထားပါတယ်။

အသက် ၉၇ နှစ်အရွယ်ရှိတဲ့ သူရ ဦးတင်ဦးဟာ “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်”အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို တည်ထောင်ခဲ့ရမှာပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူရ ဦးတင်ဦးဟာ အဖျားရောဂါအနည်းငယ်ခံစားရတာကြောင့် ဖေဖော်ဝါရီလ၄ရက်နေ့ကစတင်ပြီး ဆေးရုံမှာ ဆေးကုသမူခံယူနေတာဖြစ်ပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *