သုံးစွဲသူတွေကို လျှော့ဈေး(Discounts )နဲ့လှည့်ဖျားခဲ့မှု ထင်ရှားတာမို့ ဒဲလ်ကွန်ပျူတာကုမ္ပဏီကို သြစတြေးလျ တရားရုံးက အမေရိကန်ဒေါ်လာ ၆ဒသမ၄၆သန်း ဒဏ်ငွေချ

ကမ်ဘာရာ၊ ဩဂုတ် ၁၄

ဩစတြေးလျ ပြည်ထောင်စု တရားရုံးဟာ သြဂုတ် ၁၄ ရက်နေ့ တနင်္လာနေ့ မှာ Dell Technologies Inc အနေနဲ့ ဝဘ်ဆိုဒ် မှာအထင်မှားစေတဲ့ လျှော့ဈေး (Discounts) အစီအစဥ်တွေ လုပ်ခဲ့တာ နဲ့ ပတ်သက်ပြီး သုံးစွဲသူတွေကို လှည့်ဖျားရာ ရောက်တယ် ဆိုတဲ့ ဆွဲချက်နဲ့အတူ နောက်ဆုံးမှာတော့ အမှုထင်ရှားပြီမို့  ဒဏ်ငွေ ဩစတြေးလျဒေါ်လာ၁၀သန်း  ( အမေရိ ကန်ဒေါ်လာ ၆ ဒသမ ၄၆သန်း)ပေးဆောင်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ဩစတြေးလျနိုင်ငံရဲ့  ပြိုင်ဆိုင်မှုတွေကို ထိန်းညှိပေးတဲ့  ဥပဒေနဲ့ အရေးယူခံရတဲ့ ဩစတြေးလျ ဒဲ့လ်ကုမ္ပဏီဟာ သူ့ရဲ့ ဝဘ် ဆိုက် မှာ မော်နီတာ စျေးနှုန်းတွေကို Discount ပေးတယ်ဆိုပြီး  လျှော့စျေးပုံစံဖြစ်အောင် စွဲဆောင်ကာ သုံးစွဲသူတွေကို လှည့်ဖျားခဲတဲ့ကိစ္စ ဇွန်လထဲမှာ ဖြစ်ပျက်ခဲ့တဲ့အပေါ်  ပြည်ထောင်စုတရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ် ပါတယ်။

“ဒီလိုမျိုး လျှော့ဈေး(Discounts) တွေနဲ့ အသုံးပြုသူတွေကို ဆွဲဆောင်ဖို့ ကြိုးစားတာဟာ  စားသုံးသူဥပဒေကို ပြင်းပြင်း ထန်ထန်ချိုးဖောက်ရာရောက်တာမို့  ကြီးမားတဲ့ ပစ်ဒဏ်ချသင့်တယ်”” လို့လည်း ဩစတေးလျယှဉ်ပြိုင်မှုနဲ့ စားသုံးသူ ကော်မရှင်ရဲ့ကော်မရှင်နာဖြစ်သူ လီဇာ ကာဗာ က ပြောပါတယ်။ သူကပဲ “အခုစီရင်ချက်ဟာ  စီးပွားရေးလုပ်ငန်းတွေကို ခိုင်မာတဲ့ သတင်းစကားတစ်ခုပေးပို့လိုက်တာလည်း ဖြစ်တယ်” လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။

Ref: Reuters

Feature Image Credit: Reuters

Leave a Reply

Your email address will not be published. Required fields are marked *