သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာ နေထိုင်ခွင့် စပေး

၂၁နိုဝင်ဘာ၊၂၀၂၃

NLDအစိုးရလက်ထက် ပြုလုပ်ပေးခဲ့သော နေထိုင်မှုခက်ခဲပြည်သူများအတွက်သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာအား ဒီဇင်ဘာ၁ရက်ကစပြီးလူနေထိုင်ခွင့်စတင်ပြုလိုက်ပြီဖြစ်သည်။

ပထမ အဆင့် မဲပေါက် နေထိုင်ခွင့် ရသူများအတွက် အိမ်လခ စဘော်ငွေ လက်ခံခြင်းနှင့် စာချုပ် ချုပ်ဆိုခြင်းကို သုခဒဂုံ အိမ်ရာ စီမံကိန်းရုံးတွင် ၂၀-၁၁-၂၀၂၃ မှ ၃၀-၁၁-၂၀၂၃ ရက်နေ့ အထိ မနက် (၁၀) နာရီ မှ နေ့လည် (၃ )နာရီအတွင်း ရုံးဖွင့်ရက်များတွင် ဆောင်ရွက်ပေး​နေသည် ဟုသိရသည်။

တောင်ဒဂုံရှိ ယင်းအိမ်ရာနေထိုင်ခွင့်အား အငြိမ်းစား၊ဝန်ထမ်းနှင့်ပြည်သူဟူ၍ ၃ပိုင်းခွဲထားပြီး နေထိုင်ခွင့်ရရေး လျှောက်ထားသူ ၁သောင်းတစ်ထောင်ကျော်ရှိခဲ့ကာ သတ်မှတ်ချက်နှင့်ကိုက်ညီသူ၆၂၈၇ဦးအား မဲနှိုက်စနစ်ဖြင့် ရွေးချယ်ပေးနေခြင်းဖြစ်သည်။

ဆက်လက်၍လည်း လျှောက်လွှာများခေါ်ယူဖို့ရှိနေသေးသည်။အိမ်ရာတစ်ခန်း၏ အမြင့်ဆုံးငှါးရမ်းခက ငွေကျပ်၆၇၀၀၀သာအမြင့်ဆုံးဖြစ်သည်ဟုသိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *