တိုက်ခန်းတစ်ခန်းကို နေရာအနေအထား ပေါ်မူတည်ပြီး အနည်းဆုံး၁၀သိန်းကျပ် က နေအများဆုံး ၅၆ သိန်းအထိ ဈေးတက်လာ တာဖြစ်

ရန်ကုန်၊ ဧပြီ ၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ ရောင်းချမယ့် သီလဝါအိမ်ရာစီမံကိန်းနဲ့ အောင်မြင့် မိုရ် အိမ်ရာစီမံကိန်းတို့က တန်ဖိုးနည်း/တန်ဖိုး သင့် တိုက်ခန်းဈေးနှုန်းတွေဟာ မူလကသတ်မှတ်ထားတဲ့ဈေးနှုန်းထက် တိုး မြင့် သတ်မှတ်ခဲ့တယ်လို့ တိုက်ခန်းဝယ်ခွင့်ရ ထားသူတွေဆီက သိရပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ တန် ဖိုးနည်း/တန်ဖိုးသင့် တိုက်ခန်းဈေးနှုန်း တွေကို တိုးမြှင့်သတ်မှတ်ခဲ့ရတဲ့ အကြောင်း အရင်းကတော့ ရောင်းချမယ့် တိုက်ခန်း တွေကို ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် အသုံးပြုခဲ့တာကြောင့် ပြန် လည် ပြင်ဆင် ခဲ့ရပြီး ကုန်ကျစရိတ်တွေ တိုးမြှင့်လာလို့ တိုက်ခန်းအရောင်းဈေးနှုန်းတွေ ပြင်ဆင် သတ်မှတ်ခဲ့ရတာလို့ သိရပါတယ်။
သီလဝါအိမ်ရာစီမံကိန်းဟာ ရန်ကုန်တိုင်း ဒေသကြီး၊သန်လျင် ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်နဲ့ TSEZ စက်မှုဇုန်နဲ့ သန်လျင်နည်းပညာတက္ကသိုလ်အနီးမှာ တည်ရှိပြီး အဆောက်အဦအမျိုးအစားမှာ (၆)ခန်းတွဲ(၅)ထပ်၊အကျယ်အဝန်း ၃၈၄ စတုရန်းပေရှိပါတယ်။
သီလဝါအိမ်ရာစီမံကိန်းကတိုက်ခန်းတွေရဲ့ မူလကသတ်မှတ်ခဲ့ဈေးနှုန်းကတော့ စတုတ္ထထပ် ၁၀၄သိန်း၊တတိယထပ် ၁၀၉ သိန်း ၊ဒုတိယထပ် ၁၁၅သိန်း၊ပထမထပ် ၁၂၀သိန်း၊မြေညီထပ် ၁၃၃သိန်းတို့ဖြစ်ပြီး တိုးမြင့်သတ်မှတ်ခဲ့ဈေးနှုန်းကတော့ စတုတ္ထထပ် ၁၁၄သိန်း၊တတိယထပ် ၁၂၀သိန်း၊ဒုတိယထပ် ၁၂၇သိန်း၊ပထမ ထပ် ၁၃၂သိန်း၊မြေညီထပ် ၁၄၆သိန်း တို့ပဲဖြစ် ပါတယ်။
အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းဟာ ရန်ကုန် တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ရိုးမရိပ်သာလမ်းနဲ့အောင်မြင့်မိုရ် လမ်းကြားမှာ တည်ရှိပြီး အဆောက်အဦ အမျိုးအစားမှာ(၄)ခန်းတွဲ (၃)ထပ် (Shop House)၊အကျယ်အဝန်း၉၀၀/၁၃၀၀ စတု
ရန်းပေနဲ့အဆောက်အဦအမျိုးအစားမှာ(၆).ခန်းတွဲ (၄)ထပ်၊အကျယ်ဝန်း၄၆၈စတုရန်း ပေ ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။
အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းက(၆)ခန်းတွဲ (၄)ထပ် တိုက်ခန်းတွေရဲ့ မူလသတ်မှတ် ထားတဲ့ဈေးနှုန်းတွေ ကတော့ တတိယ ထပ် ထောင့်ခန်း၁၂၆သိန်း၊တတိယထပ်အတွင်းခန်း ၁၁၁သိန်း၊ဒုတိယထပ် ထောင့်ခန်း ၁၃၁သိန်း၊ဒုတိယထပ်အတွင်းခန်း ၁၂၁ သိန်း၊ပထမထပ်ထောင့်ခန်း ၁၅၁သိန်း၊ ပထ မထပ်အတွင်းခန်း၁၄၁သိန်း၊မြေညီထပ်
ထောင့်ခန်း ၁၉၁သိန်း၊မြေညီထပ်အတွင်း ခန်း ၁၈၆သိန်းတို့ဖြစ်ကြပြီး တိုးမြင့်သတ် မှတ်ခဲ့ဈေးနှုန်းကတော့ တတိယထပ် ထောင့်ခန်း ၁၃၃ သိန်း၊တတိယထပ်အတွင်း ခန်း ၁၂၂သိန်း၊ဒုတိယထပ် ထောင့်ခန်း ၁၄၄သိန်း၊ဒုတိယထပ်အတွင်းခန်း ၁၃၃
သိန်း၊ပထမထပ်ထောင့်ခန်း ၁၆၆သိန်း၊ ပထမထပ်အတွင်းခန်း ၁၅၅သိန်း၊မြေညီ ထပ်ထောင့်ခန်း ၂၁၆သိန်း ၊မြေညီထပ် အတွင်းခန်း ၂၀၅သိန်းတို့ပဲဖြစ်ပါတယ်။
အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းက(၄)ခန်းတွဲ (၃)ထပ် (Shop House)တိုက်ခန်းတွေရဲ့ မူလသတ်မှတ်ထားတဲ့ဈေးနှုန်းတွေ က တော့ ဒုတိယထပ်ထောင့်ခန်း ၃၁၆ သိန်း၊ ဒုတိယထပ်အတွင်းခန်း ၂၉၆သိန်း၊ ပထမ ထပ်ထောင့်ခန်း ၃၄၆သိန်း၊ ပထမထပ် အ တွင်းခန်း ၃၂၆သိန်း၊မြေညီထပ်ထောင့်ခန်း ၅၅၆သိန်း၊မြေညီထပ်အတွင်းခန်း ၅၁၆ သိန်းတို့ဖြစ်ပြီးတိုးမြင့်သတ်မှတ်ခဲ့ ဈေးနှုန်းကတော့ ဒုတိယထပ်ထောင့်ခန်း ၃၄၈သိန်း၊ ဒုတိယထပ်အတွင်းခန်း ၃၂၆သိန်း၊ပထမ ထပ်ထောင့်ခန်း၃၈၁သိန်း၊ပထမထပ်အတွင်းခန်း ၃၅၉သိန်း၊မြေညီထပ်ထောင့်ခန်း ၆၁၂သိန်း၊မြေညီထပ်အတွင်းခန်း ၅၆၈ သိန်းတို့ပဲ ဖြစ်ပါတယ်။
သီလဝါအိမ်ရာစီမံကိန်းနဲ့အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းတို့က တိုက်ခန်းတွေကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အ ဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ (၃၁.၁၂.၂၀၂၂)ရက်နေ့ထိ အိမ်ရာစုဆောင်း ငွေကျပ်သိန်း(၃၀)နှင့်အထက်ပြည့်မီအောင် စုဆောင်းထားသူ (၂၇၈၈)ဦးကို မဲနှိုက်ရွေး ချယ်ပေးသွားမှာဖြစ်ပြီး မဲနှိုက်ရွေးချယ် မယ့်ရက်ကို ထပ်မံကြေညာ ပေးသွားမယ် လို့ သိရပါတယ်။