သီရိလင်္ကာသမိုင်းကို ပြန်ရေးမယ်လို့ ရွေးကောက်ပွဲ မဲအသာနဲ့ အနိုင်ရပြီး လက်ဝဲယိမ်း သီရိလင်္ကာ သမ္မတသစ် ဖြစ်လာမယ့်သူက ဆို

ကိုလံဘို၊ စက်တင်ဘာ ၂၂

အသက် ၅၅ နှစ်အရွယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့  ခေါင်းဆောင် အနူရာ ကုမာရာ ဒစ်ဆန်နရာကီက စက်တင်ဘာ ၂၂ ရွေးကောက်ပွဲ အဆုံးအဖြတ်မှာ သူရဲ့ပြိုင်ဘက်ထက် မဲ ၁ဒသမ၃ သန်းနီးပါးအသာနဲ့  အနိုင်ရခဲ့ပြီး သီရီလင်္ကာနိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

သမ္မတသစ်ဖြစ်လာမယ့် ဒစ်ဆန်နရာကီက သီရိလင်္ကာနိုင်ငံရဲ့ သမိုင်းကို အသစ်ကနေ ပြန်စရေးမယ်လို့လည်း ဟစ်ကြွေးခဲ့တယ်လို့ သိရပါတယ်။

“ရာစုနှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြုစုပျိုးထောင်ခဲ့တဲ့ အိပ်မက်ဟာ နောက်ဆုံးတော့ အကောင်အထည် ပေါ်လာပါပြီ” လို့ လည်း ရွေးကောက်ပွဲ နောက်ဆုံးရလဒ် ထုတ်ပြန်အပြီး ပြောဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။

“ဒီအောင်ပွဲက ကျွန်တော်တို့အားလုံးပိုင်တယ်” “မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ သန်းပေါင်းများစွာသော မျက်လုံးတွေက ငါတို့ကို ရှေ့ကို တွန်းပို့ပေးပြီး သီရိလင်္ကာသမိုင်းကို ပြန်ရေးဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့သူက ပြောပါတယ်။

၂၀၂၀ စီးပွားရေးပြိုလဲမှုကြီး ဖြစ်ခဲ့ပြီး  အဖြစ်ဆိုးတွေကို ခံခဲ့ရတဲ့ သီရိလင်္ကာပြည်သူတွေက တိုင်းပြည်ရဲ့ အပြောင်းအလဲကို မျှော်လင့်နေကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အမေရိကန် သံအမတ်ကြီး ဂျူလီ ချောင်ကလည်း  ဂုဏ်ပြုလွှာကို ပေးပို့ခဲ့ပြီး ဝါရှင်တန်ဟာ လာမယ့် အစိုးရသစ် ကို  ဦးစားပေးမှုတွေနဲ့ အတူ  အတူတကွ လုပ်ဆောင်သွားဖို့  အသင့်ရှိကြောင်း ကြေညာချက်ထုတ်ပြီး ဖော်ပြပါတယ်။

မဲအနိုင်ရခဲ့တဲ့ မာက်စ်ဝါဒီ သမ္မတသစ်က စက်တင်ဘာ ၂၃ရက် တနင်္လာနေ့ အစောပိုင်းမှာ ကိုလံဘိုမြို့တော်က ကိုလိုနီခေတ် သမ္မတ အတွင်းဝန်ရုံးမှာ  ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ ကပြောပါတယ်။

Ref: AFP

ပုံစာ။ သမ္မတသစ် ဒစ်ဆန်နရာကီ

Feature Image Credit: REUTERS/Dinuka Liyanawatte

Visited 54 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *