သီရိလင်္ကာရွေးကောက်ပွဲအတွက် သမ္မတလောင်း ၃၉ယောက်အထိ  အမည်စာရင်းတင်သွင်း

ထူးထူးခြားခြား ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါး ပါနေ

ကိုလံဘို၊ ဩဂုတ် ၁၅

သီရိလင်္ကာသမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၃၉ ယောက်အထိ ခက်ခဲကြမ်းတမ်းနေတဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကြားမှာ ဩဂုတ် ၁၅ရက်နေ့က  အမည်စာရင်း တင်သွင်း ခဲ့ကြတယ်လို့ သိရပါတယ်။
 မဲပေးရွေးချယ်မယ့်နေ့ကတော့ ၂၀၂၄  စက်တင်ဘာ ၂၁ ရက်ဖြစ်ပြီး အဲဒိနေ့မှာတော့  အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံတစ်ခုအတွက် ဘယ်လို အပြောင်းအလဲတွေ ပေါ်လာမလည်းဆိုတာကိုလည်း စောင့်ကြည်နေကြပြီ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲက နိုင်ငံခြားအရန်ငွေတွေ ကုန်သွားလို့  သီရိလင်္ကာနိုင်ငံရဲ့  စီးပွားရေးဟာ ဇောက်ထိုးဆင်သွားရတဲ့ အနေအထားကနေ ဘယ်လို ထွက်ပေါက်ရလာနိုင်မလည်း ဆိုတဲ့ အဖြေလည်း တစ်ပါတည်း ပါလာမှာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရလိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ယုံကြည်ပါတယ်” ဆိုပြီး ကော်မရှင် ဥက္ကဋ္ဌ အာ အမ် ရတ်တနာယာကီ  က အမည်စာရင်းတင်သွင်းခြင်းလက်ခံနေခိုက်မှာပဲ ပြောခဲတယ်လို့ သိရပါတယ်။

အခု ရွေးကောက်ပွဲမှာ  မဲပေးဖို့  အရည်အချင်းပြည့်မီတဲ့ သီရိလင်္ကာနိုင်ငံသား ၁၇ သန်းခန့်ရှိနေပြီး ထူးခြားချက်အနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့  စာရင်းသွင်းထားတဲ့ သူတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါးလည်း  ပါတယ်လို့ သိရပါတယ်။

Ref: REUTRES

Feature Image Credit: The Island

Visited 43 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *